Thursday, January 12, 2012

အော်......ဒီလိုကိုး

|0 comments
 Thursday, January 12, 2012

စာဖတ်သူများခင်ဗျား -

 ခေတ်ပြိုင် ဂျာနယ်မှာ ကျေးရွာ တိုင်းရင်းသူများကို တရားဝင် ဖျက်ဆီးခွင့်ပြုလိုင်စင် ဆိုတဲ့ ဆောင်းပါးကို ဗိုလ်ထက်မင်းက ရေးသား တင်ပြလာပါတယ်။ ဒီဆောင်းပါးကို စာဖတ်ပရိသတ်များ ဗဟုသုတ တိုးပွား စေရန်အတွက်  စနစ်တကျနဲ့ ခေတ်ပြိုင် ဂျာနယ်မှ ဖြတ်တောက် ရယူပြီး ယခုလို တင်ဆက်ပေးလိုက် ပါတယ်။

ကျေးရွာ တိုင်းရင်းသူများကို တရားဝင် ဖျက်ဆီးခွင့်ပြုလိုင်စင်

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

တပ်မတော်မှာ လူပျိုအရာရှိတွေ အနေနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် ပညာတတ် ဘွဲ့ရတဲ့သူ မိန်းကလေး ကိုသာတရားဝင်ခွင့်ပြုမယ်၊ အရာရှိ ကတော်ဟာ ဘွဲ့ရ ရမယ်ဆိုတဲ့ “မူဝါဒ” ကြောင့် တပ်မတော် အရာရှိများ အတွင်းမှာ ကြီးမားစွာ ဂယက်ရိုက် သွားခဲ့ ပါတယ်။ ဒီဂယက်ကြောင့် အိမ်ထောင်ပြုပြီးသား ဘွဲ့မရသေးတဲ့ အရာရှိတွေရဲ့ ဇနီးတွေ ဟာလည်း သောကဗျာပါဒ ပွားများကာ မိမိရဲ့  ယောကျာင်္း ရာထူး မတက်တော့မှာကို စိုးရိမ်ပူပန်လျက် ရှိနေကြ ပါတယ်။

တပ်မတော် မှာတပ်ရင်းတွေ အနေနဲ့  စစ်ဆင်ရေး တွေကို တနှစ်လုံး နီးပါး ခိုင်းစေခံနေရတာမို့ အနည်းဆုံး (၆) လမှတခါတလေ (၁၀) လအထိ ရှေ့ တန်းကို ထွက်ရပြီး၊ နောက်တန်းနားချိန် တစ်လသာ ရခဲ့တာမျိုးရှိပါတယ်။ နားရတဲ့ တစ်လ အတွင်းမှာလည်း အရာရှိတွေဟာ တပ်ကိုပြန်လည် စုဖွဲ့မှုပြုရ၊ လေ့ကျင့်မှု ပြုရတာတွေနဲ့ အချိန်ကုန် မြန်ပြီး တစ်လပြည့်တာနဲ့ စစ်ဆင်ရေးသံသရာ ပြန်လည် ထွက်သွားရပါတယ်။ ဒါကြောင့် ဘ၀ကြင်ဖော်ကို ရှာဖို့ အခွင့်အရေး စိတ်ကြိုက် မရခဲ့တာမျိုးလည်း ရှိပါတယ်။

“နဖူးစာ ရွာလည်” ဆိုသလို ရှေ့တန်း စစ်ဆင်ရေးနယ်မြေမှာရှိတဲ့ ကျေးရွာ နယ်မြေ ကျောင်းဆရာမ၊ သူနာပြုဆရာမများနဲ့ ရွာခံ တိုင်းရင်းသူများကို နီးစပ်မှုအရလက်တွဲဖော် အိမ်ထောင်ပြု ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ မိန်းကလေးတွေဟာ ဘွဲ့ရပါတယ်ဆိုတာ မရှိသလောက် ရှားပါးပါတယ်။

အရာရှိတွေ အနေနဲ့သင်တန်း တက်ခွင့်ရမှသာ မြို့တက်ရပြီး ကိုယ်နဲ့ လက်တွဲဖို့ ပညာရေး အဆင့်အတန်း မြင့်မားတဲ့ ဆရာဝန် မိန်းကလေးလိုမျိုး၊ ဘွဲ့ရ ပညာတတ်နဲ့ တက္ကသိုလ်နည်းပြ ဆရာမတွေကို အစွမ်းကုန် ပိုးပန်းကြိုးစား ရှာဖွေကြရတာ ဖြစ်ပါတယ်။ မိဘများက ရှာဖွေပေးခဲ့ရင် ပညာတတ် ဖြစ်နိုင်ပေမဲ့ တချို့ အရာရှိတွေ အနေနဲ့ ကိုယ်ကြိုက်တာကို ယူရာမှာ ပညာရေးကို အဓိက မထားခဲ့တာမျိုးလည်း ရှိပါတယ်။

ဒါတွေကို သိရှိနားလည် လျက်သားနဲ့ ဗိုလ်သန်းရွှေက တပ်မတော် အရာရှိတွေရဲ့  ဇနီးဟာ ဘွဲ့ရမှ ဖြစ်မယ်၊ ဇနီးသည် ဘွဲ့ မရရင် ရာထူးမတိုးပေးဖို့ “မူ” ကိုဇွတ်အတင်း ချမှတ်လာပါတယ်။ “မူ” ချမှတ်ပြီဆိုရင်လည်း မူ” အရ စံပြ လိုက်နာရမဲ့ ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်ပါက ဗိုလ်သန်းရွှေအနေနဲ့ ချက်ချင်းနှုတ်ထွက်ရမှာ ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေရဲ့ဇနီး မကြိုင်ကြိုင်ဟာ ဘွဲ့မရတဲ့သူ ပညာမတတ်တဲ့ သူဖြစ်နေပါတယ်။ မကြိုင်ကြိုင်ဟာ ရန်ကင်း မြို့နယ်က ရုပ်ရှင်သရုပ်ဆောင် ကြာကူလီ ၀င်းမြင့်၊ သခင် လေးမောင်တို့ နေတဲ့ တိုက်ခန်းအနီးမှာ နေထိုင်ပြီး တင့်ဆန်း ဇာဘော်လီရုံမှာ သွားရောက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

မကြိုင်ကြိုင်ဟာ ကလေး (၂) ဦး မိခင်ဖြစ်ပြီး ယခင် ယောင်္ကျားဟာ အရက်သေစာ သောက်စား အမြဲမူးယစ် နေသူဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ဟာ အထက်က ပြောခဲ့သလို ဗဟိုနိုင်ငံရေးတက္ကသိုလ် (မင်္ဂလာဒုံ) မှာ သဘောတရား ရေးရာ သင်တန်းတက်နေတုံး ကြင်ဖော်ရှာသလိုလိုနဲ့ မကြိုင်ကြိုင်ထံ ရောက်ရင်း အပျော်ကြံဖို့ပါ စိတ်ကူးခဲ့ ဟန်တူပါတယ်။

မကြိုင်ကြိုင်ကတော့ စက်ချုပ် ကျွမ်းကျင်လှသူ ပီပီ ခြေစင်္ကြာ ဖြန့်လာတဲ့ ဗိုလ်သန်းရွှေရဲ့ ခြေထောက်ကို အပိုင်ဖမ်းကာ ချုပ်လိုက်တာမို့ သူမရဲ့  အရင်ယောင်္ကျားကို လျော်ကြေးပေးကာ ကွာရှင်းရယူခဲ့သူဖြစ်ပါတယ်။ မကြိုင်ကြိုင်ဟာ ဘွဲ့ရဖို့ ဝေးစွ၊ အခြေခံ လူတန်းစား ဖြစ်တာမို့ လက်ရှိအရာရှိတွေ ပြည်သူတွေကို ကိုယ်ချင်းစာ တရား ထားသင့်လှပါတယ်။ ဒီမူဝါဒနဲ့ တိုင်းတာရင်တော့ မြန်မာ အမျိုးသမီး တွေကို ရက်စက်လွန်းရာ ကျကြောင်း ဆက်လက်တင်ပြသွားပါမယ်။

ဒီ “မူ” ထွက်လာခဲ့ပြီး တဲ့နောက်ပိုင်းမှာ အရာရှိတွေဟာ ခြေစင်္ကြာထင်သလို ဖြန့်၊ “အိုင်” တွေ့ တိုင်းခြေဆေးခွင့်တွေကို ပိုမို ရရှိသလို ဖြစ်သွားကြပါတယ်။ သမီးပျိုတွေကို သမီးရည်းစားထား အပျော် ကြံကာ ၊ အချိန်တန် လို့ဖြစ်ဖြစ်၊ မဖုံးနိုင် မဖိနိုင်လို့ဘဲ ဖြစ်ဖြစ် သမီးပျို မိဘများက တောင်းဆိုလာခဲ့ရင် အရာရှိ ပေါက်စများဟာ “ကျွန်တော်တို့ တပ်ရဲ့  လူကြီးတွေက မိန်းမယူရင် ဘွဲ့ရမှ တရားဝင် ပေးစားမယ်” ဆိုတဲ့ ဆင်ခြေဆင်လက်နဲ့ ရုန်းထွက်ခွင့်ရ ကြတော့တာမို့ သမီးပျိုများခမျာ မျက်ရည်နဲ့ မျက်ခွက် ကြုံတွေ့ကြ ရပါတယ်။

တနည်းအားဖြင့် အရာရှိရဲ့ ဇနီး ဘွဲ့ရမှဆိုတဲ့ “မူ” ဟာ နအဖရဲ့ မိန်းကလေးများကို တရားဝင် ဖျက်ဆီးခွင့် လိုင်စင် ထုတ်ပေးလိုက်သလိုမျိုး ဖြစ်နေပါတယ်။ တပ်ရဲ့ ထုံးစံ ဥပဒေသအရ တပ်ကို လက်ထပ်ခွင့် ပုံစံဖြင့် တင်ဖို့ လိုအပ်သလို အနည်းဆုံး တပ်မှူး ဖြစ်သူထံ နှုတ်ဖြင့် ခွင့်တောင်းရမှာ ဖြစ်ပြီး နယ်ဘက်ရှိ တရားရုံး လက်ထပ်စာချုပ်ဖြင့် တရားမ၀င်တာကို နယ်ဘက် တချို့လူထုက နားမလည် သေးတာကို တွေ့ရပါ တယ်။

ယခင်တုန်းကလည်း စစ်တပ်ရဲ့  အရာရှိတွေဟာ နယ်ဘက်က သမီးပျိုများကို နယ်ဘက် တရားရုံးတွေ မှာ “နှပ်ကြောင်း” ပေးကာဟန်ပြယူပြီး ရှေ့တန်းစစ်ဆင်ရေး အကြောင်းပြချက်နဲ့ မိန်းကလေးကို “ခွာ” ပြေးပါ တော့တယ်။ မိန်းကလေးရှင်များက အရာရှိကို အဆက်အသွယ်မရလို့ တပ်ကို လိုက်လံစုံစမ်းတော့မှ တရားဝင်မိန်းမ ရှိမှန်းသိရလို့ ရင်ကျိုး ရတဲ့ အဖြစ်တွေလည်း ရှိပါတယ်။

တချို့ တပ်ရေးဗိုလ်ကြီးနဲ့ ရုံးအုပ်တို့ ညံ့ဖျင်းမှုတွေကြောင့်လည်း လက်ထပ်ခွင့် တင်တဲ့အပိုင်းနဲ့ မှတ်တမ်းရုံးက အမိန့် အပိုင်း(၂) ထွက်ဖို့ ကြာနေတာမို့ ခံစားခွင့်ရသင့်လျက်သားနဲ့ တိုက်ပွဲမှာ ကျဆုံး သွားတာမျိုးကြောင့် တရားမ၀င်သေးတဲ့ မိန်းကလေးတွေခမျာ ဆုံးရှုံးနစ်နာ သွားရတာလည်း ဒုနဲ့ဒေး ရှိနေကြပါတယ်။

အချုပ်အားဖြင့် စစ်အာဏာရှင်တွေရဲ့ သဘောသရုပ်က အပေါ်တမျိုး ၊အောက် တမျိုး နအဖရဲ့အချိုး ဆိုတာနဲ့ အညီ မမျှမတဖြစ်နေပြီး ၀န်ကြီးချုပ် ဖြစ်နေတဲ့ ဗိုလ်သိန်းစိန်ရဲ့  ဇနီး ဟာလည်း ဘွဲ့မရတာမို့ ဒီ “မူ” ထွက်လာ တာနဲ့ မှတ်တမ်းရုံးမှာ သူမ ဘွဲ့မရသေးတာကို ဘွဲ့ရတယ်လို့ ဖိအားပေး အကြပ်ကိုင် အတင်းဇွတ်ပြင် ခိုင်းခဲ့ပါတယ်။

ဒါကြောင့် နအဖရဲ့  အရာရှိ ကတော် ဘွဲ့ရရေး ဆိုတဲ့မူဝါဒဟာ တပ်မတော် အဆင့်အတန်း မြင့်မားရေးလို့ ဟန်ပြကြွေးကြော်နေပေမဲ့ တကယ်တမ်းကျတော့ မြန်မာပြည်မှာရှိတဲ့ သမီးပျိုတွေကို တရားဝင်ဖျက်ဆီး ခွင့်ပြုခိုင်းတဲ့ အမိန့်သာဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။

ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအပ်နေတဲ့ ဒီမိုကရေစီ

|0 comments
Thursday, January 12, 2012
ဒီမိုကရေစီ နဲ့ တပ်မတော်

ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင် 

ဒီမိုကရေစီ စနစ်တွင် လက်ရှိ အဖွဲ့များထက် ပြည်သူလူထု၏ ဆန္ဒသည် အဓိက ဖြစ်သည်ကိုလည်း လက်ခံ ရပေမည်။ နိုင်ငံတော်အား ကောင်းစွာ ဦးဆောင်မှု ပေးနိုင်စွမ်း ရှိပါက မည်သည့် လူမျိုးစုမဆို နိုင်ငံတော် သမ္မတ/ ၀န်ကြီးချုပ် နေရာ၌ ခန့်အပ်ခြင်း ခံရပေမည်။ ဗမာ တိုင်းရင်းသား မဟုတ်၍ မဖြစ်ရဟု မရှိနိုင်ချေ။ တချိန်က နိုင်ငံတော် သမ္မတ စပ်ရွှေသိုက်၊ မန်းဝင်းမောင်၊ ဆမားဒူးဝါးဆင်ဝါးနောင် (ရည်ရွယ်ပြီး) တို့ ရှိခဲ့ဖူးပါသည်။

ထို့အတူ ပြည်နယ် အစိုးရများလည်း ပြည်နယ်အတွက် သင့်တော်၍ ပြည်သူလူထုက ရှေးချယ်ပါက ရှမ်းပြည်နယ် အစိုးရမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း လူမျိုးစုများ ဖြစ်နိုင်သလို ရခိုင်ပြည်နယ် အစိုးရမှာလည်း မွန်၊ ဗမာ၊ ရှမ်း၊ ကချင်၊ ကရင် ဖြစ်နိုင်သည်။ ရခိုင်ပြည်နယ်မို့ ရခိုင်လူမျိုး၊ ရှမ်းပြည်နယ်မို့ ရှမ်းလူမျိုးဟု သတ်မှတ်၍ မရပေ။ ဤသည်မှာ ဒီမိုကရေစီ ဖြစ်သည်။ ပြည်သူလူထု၏ ဆန္ဒသဘောထား ပဓာန ဖြစ်သည်။ အရည်အချင်းကို အဓိကထားသော လူမှုရေး စနစ်လည်း ဖြစ်သည်။ အမေရိကန် နိုင်ငံ၌ ယနေ့ ဖခင် ကင်ညာလူမျိုးနှင့် မိခင် အမေရိကန်မှ မွေးသော မစ္စတာ အိုဘားမား က သမ္မတ ဖြစ်လာသည်ကို အတုယူ မြင်တွေ့နိုင်သည်။ ကမ္ဘာတ၀ှမ်းလုံးက ဂုဏ်ယူချီးကျူး ထောပနာ ပြုကြရသည်။ ဒီမိုကရေစီ ကျင့်စဉ်ကို ကောင်းစွာ ရင့်ကျက်သော သဘောထားများနှင့် ပြုစုပျိုးထောင်နိုင်ခဲ့ကြ၍သာ ဤအခြေအနေ ဖြစ်ပေါ်လာ ရခြင်း ဖြစ်၏။ ကျွန်တော်တို့ အနေနှင့် မျက်ကန်းမျိုးချစ်များ လုပ်နေ၍ မရတော့ပါ။



အမေရိကန် ပြည်ထောင်စု ကဲ့သို့ စံပြ ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံကြီးပင်လျှင် စတင်ဖွဲ့စည်းကာစက ဖက်ဒရယ် ဖြစ်သော်လည်း ပြည်သူလူထုအားလုံး တစိတ်တ၀မ်းတည်း ဖြစ်လာပြီး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးများ တည်ငြိမ်၍ ကောင်းမွန်တိုးတက်လာသော အချိန်၌ ပြည်ထောင်စုဆိုသော်လည်း ပြည်နယ်များ အာဏာရှိမှုကို မပျက်စေပဲ ဗဟို အစိုးရ အာဏာကိုလည်း တပြည်ထောင်ဟု ကမ္ဘာက ထင်မှတ်ရလောက်အောင် ထားရှိစေခဲ့သည်ကိုလည်း တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်များ အပါအ၀င် ပြည်သူလူထုကြီးက သဘောပေါက် ခဲ့ပြီး ဖြစ်ပါသည်။ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်းရင်းသား လူမျိုးများ အရေးနှင့် စပ်လျဉ်း၍ ထားရှိသော သဘောထားကို ဗဟုသုတ အဖြစ်တင်ပြချင်ပါသည်။
1. ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် အာရှအလယ်ပိုင်း ကုန်းခြေမှ ဆင်းသက် ပေါက်ဖွား လာကြသည့် တိုင်းရင်းသား လူမျိုး၊ မိသားစုဝင်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံတနိုင်ငံ ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသား လူမျိုးများ လူမျိုးစုများ၏ အမိမြေသည် မြန်မာနိုင်ငံသာလျှင် ဖြစ်ပေသည်။

2. သို့ဖြစ်ရာ လူမျိုးတမျိုးနှင့် တမျိုး၊ လူမျိုးစု တစ်စုနှင့် တစ်စုတို့သည် အပြန်အလှန် ယုံကြည်မှု ရှိကြရန် တန်းတူရည်တူ ဆက်ဆံကြရန် အရေးကြီးပေသည်။ လူမျိုးကြီး လူမျိုးငယ်ဟူသော ပြဿနာများ၊ တောင်ပေါ်မြေပြန့်ဟူသော အစွဲအလမ်းများကို အပြီးအပိုင် ဖျောက်ဖျက်ပြီး ပြည်ထောင်စု တခုအတွင်းမှ ပေါက်ဖွားလာသော ညီအကို တိုင်းရင်းသားများ အဖြစ် စွဲမြဲစွာ ခံယူအပ်ပေသည်။ 

ဤသဘောထားကို လက်တွေ့ အကောင်အထည် ဖေါ်ပေးမည့် ဒီမိုကရေစီကို တည်ဆောက်မည် ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက ယုံကြည်စွာ တခဲနက် ထောက်ခံမဲ ပေးခဲ့ကြပါသည်။ သို့သော်လည်း စစ်အာဏာရှင်တို့က အာဏာကို လက်နက်အားကိုး ပြီးသိမ်းပိုက်ထားသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ 

တချိန်က နအဖက မြန်မာပြည်သူတို့သည် ဒီမိုကရေစီနှင့် မထိုက်တန်သေးဟူသော စကားနှင့် အမြင်မှာ အာဏာရှင်များ၏ အာဏာဆက်လက် ပိုင်ဆိုင်သိမ်းပိုက် ထားနိုင်ရေးအတွက် အကြောင်းပြချက်မျှသာ ဖြစ်သည်ကို ယနေ့ မျိုးဆက်သစ် တပ်မတော်သား အပေါင်း သိစေချင်ပါသည်။ ယနေ့ မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်များ အနေနှင့် မှန်ကန်သော လမ်းကို ရွေးချယ်ကြရပေတော့မည်။ မလွဲမသွေ စစ်အာဏာရှင် တစ်စုကို ဖယ်ရှားကာ တိုင်းပြည်သို့ အာဏာ ပြန်လည်အပ်နှင်းရပေလိမ့်မည်။ 

အသွင်ကူးပြောင်းကာလ တလျှောက် ထိုမျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်များက နိုင်ငံတော် တည်ငြိမ်ရေးအတွက် အခန်းကဏ္ဍ တစ်ခုမျှ အချိန်အတိုင်းအတာ တရပ်အထိ ပူးပေါင်းပါဝင် တာဝန်ယူပေးပြီး၊ တပ်မတော် မူလ တာဝန်ကို ပြန်လည် ထမ်းဆောင် ရပေလိမ့်မည်။ နိုင်ငံတနိုင်ငံတွင် တပ်မတော် တစ်ရပ်သာ ရှိရမည်ဟု အမှန်ပင် ဖြစ်သည်ကို လက်ခံကြပါသည်။ အချိန်များစွာ မရှိတော့ပြီ ဖြစ်၍ ဤတာဝန်ကို ပြတ်ပြတ်သားသား ရယူရန် လို အပ်နေပေပြီ။ 

ထို့ကြောင့် စစ်အာဏာရှင်တခု ဖယ်ရှားရေး၊ တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံအဖြစ် ကောင်းစွာ အသွင် ကူးပြောင်းပေးနိုင်ရန် အတွက် ဦးတင်ဦး (ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦး) နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံရေး ပါတီနှင့် ဆက်စပ် ပူးပေါင်းဆောင်ရွက်ရေး၊ ထိုခေါင်းဆောင်ကြီးများ၏ ဘေးအန္တရာယ် လုံခြုံရေး၊ ပြည်သူလူထု၏ အားပေးထောက်ခံမှု ရရှိရေးနှင့် ရပ်ရွာလုံခြုံရေး စသည်တို့ကို မဟာဗျူဟာ တရပ် ရေးဆွဲ၍ အမြန်ဆုံး အကောင်အထည်ဖေါ်ရန် တိုက်တွန်းလိုပေသည်။ ပြည်သူလူထု အနေနှင့်လည်း ရဟန်း သံဃာတော်များ ကံဆောင်ခဲ့ကြသည့် နည်းတူ စစ်အစိုးရကို စုပေါင်းကံဆောင်ကြဖို့ အချိန်တန်ပြီ ဖြစ်၏။ 

ဆက်လက်၍အလျဉ်းသင့် သလိုဒီမိုကရေစီ သဘောတရား ဖြစ်သော လူ့အခွင့်အရေးဆိုင် ရာများ၊ ဒီမိုကရေစီ ထူထောင်ရာ၌ သတိပြုရန်များနှင့် ပေါ်ပင်နိုင်ငံရေးလုပ် စားသူ တောကြောင်များ၊ အချောင်သမားများ၊ ပါးစပ်နှင့် လုပ်စားကြမည့် သူများအကြောင်း၊ နိုင်ငံတကာ ဒီမိုကရေစီ တိုက်ပွဲများ အကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံးကို ဒီမိုကရေစီ ပညာပေး လုပ်ငန်းများ လုပ်ဆောင်ရေး လိုအပ်ချက်များ အကြောင်း ဆက်လက် တင်ပြသွားပါမည်။

Wednesday, January 11, 2012

မြန်မာစစ်တပ် ပစ်ခတ်မှုကြောင့် ခရီးသွား ကချင်လူငယ် နှစ်ဦးသေဆုံး

|0 comments
Wednesday, January 11, 2012

W.P Moses

 ကချင်ပြည်နယ် ဥရုဆိုင်းမှော်ဒေသ ဖားကန့် ကားလမ်းပိုင်း ဆိုင်းဖရာ ကျေးရွာ (Seng Hpra) နေ မောင်လဂွီ ယိန်းဝမ် ( ၁၇) နှစ် နှင့် မ ဆိုင်းခေါန် ( ၁၈) နှစ် တို့ သည် ယနေ့ ဇန်န၀ါရီလ (၁၁) ရက်နေ့ မနက် (၉း၀၀) နာရီ ဝန်းကျင်တွင် ဆိုင်းဖရာကျေးရွာ မှ နမ့်ယားကျေုးရွာသို့ ဆိုင်ကယ်ဖြင့် ဆင်းလာရာ နမ့်ယားကျေးရွာနှင့် ကပ်မှော်ကျေးရွာကြား အရောက်တွင် အဆိုပါလမ်းပိုင်းတွင် ရောက်ရှိနေသော မြန်မာစစ်တပ် ခလရ (၅၈) တပ်ရင်းမှ စစ်သားများက အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ် လိုက်ကြောင်း သိရသည်။ မောင်လဂွီယိန်းဝမ် မှာ နောက်ကျောဘက်ခြမ်းတည့်တည့် ထိမှန်သေဆုံးပြီး မဆိုင်းခေါန်သည် ၀မ်းဗိုက်အောက် ပေါင်ရင်းတွင် ထိမှန်သေဆုံး သွားကြောင်း ဒေသခံ မျက်မြင်များရဲ့ ပြောပြချက် အရ သိရှိရပါတယ်။

ဇန္နဝါရီလမှ စတင်ကာ စစ်အစိုးရ စစ်တပ်ဟာ ကချင်ပြည်နယ် ဖါးကန့်ဘက်သို့လည်း စစ်အင်အား အလုံးအရင်း တိုးချဲ့ချီတက်လာကာ ဖါးကန့်လမ်း တလျှောက်မှာ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ပြေး ဒုက္ခသည်များလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာနေပါတယ်။ ကေအိုင်အေနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားလာခဲ့တာ ၇ လ ရှိလာပြီး စစ်ပြေးဒုက္ခသည်ဟာလည်း ယခုချိန်တွင် ၆၀၀၀၀ (ခြောက်သောင်း) ဝန်းကျင်ထိ တိုးများလာပြီး အားလုံးဟာ အကူအညီများစွာ လိုအပ်နေပါတယ်။

ကလေးတွေ ဘယ်အရွယ်မှာ ငွေအကြောင်း ဘယ်လောက် သိထားသင့်လဲ

|0 comments
 Wednesday, January 11, 2012



သမ္မတအိုဘားမားရဲ့ ညွန်ကြားချက်အရ သူရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ထိပ်တန်းအကြံပေးအဖွဲ့က ကလေးတွေ ဘယ်အသက်အရွယ်မှာ ငွေနဲ့ပတ်သက်ပြီး ဘယ်လောာက် သိထားသင့်တယ်၊ ဘယ်အရွယ်မှာ ငွေကို ဘယ်လို စသုံးသင့်တယ် ဆိုတာကို ၁၈ လကြာ သုတေသန လုပ်ခဲ့ကြပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ ငွေကြောင့် မကောင်းတဲ့ အကျင့်စရိုက်ဆိုးတွေ မဖြစ်အောင် ငယ်စဉ်ကတည်းက တားမြစ်ဖို့၊ ကမ္ဘာ့ငွေကြေးနှုန်းတွေနဲ့ လည်ပတ်ပုံကို တစ်ဦးချင်း သိရှိစေဖို့၊ နေ့စဉ် သွားတိုက်ရသလိုမျိုး နေ့စဉ် ငွေစုဆောင်းတတ်အောင် ကလေးတွေကို သင်ကြားပေးဖို့ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေး နာလည်ထဖို့နဲ့ ဗုန်းပေါလအော သုံးတတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အကျင့်ကို ဖျောက်ဖို့ သမ္မတက ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

အမေရိကန် ကလေးများ ငွေကြေး နားလည်ရေး သုတေသနလုပ်ငန်းအဖွဲ့မှာ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ဥက္ကဌ Alan Krueger နဲ့ အမျိုးသားစီးပွားရေး ကောင်စီ ဒါရိုက်တာ Gene Sperling တို့ ဦးဆောင် ပါဝင်ပါတယ်။ ၁၈ လတာ သုတေသနရလဒ်ကို အတည်ပြုပြီးရင် အိမ်ဖြူတော်က ကျောင်းတွေ၊ ပညာရေးသမားတွေကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။
သုတေသနရလဒ် အချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

အသက် ၃ နှစ် မှ ၅ နှစ်

အဲဒီအရွယ်မှာ ကလေးဟာ ငွေနဲ့ ပစ္စည်းကို ၀ယ်လို့ရတယ်ဆိုတာ နားလည်သင့်ပါတယ်။ ငွေကို အလုပ်လုပ်ပြီး ရှာနိုင်ကြောင်း သိသင့်ပါတယ်။ လိုချင်တာကို (want) မ၀ယ်ယူနိုင်ခင် စောင့်ဆိုင်းတတ်တဲ့ အလေ့အကျင့် သင်ပေးရပါမယ်။ ဆိုလိုတာက လိုအပ်တာ (need) နဲ့ လိုချင်တာ (want) ကို အဲဒီအရွယ်ကတည်းက ခွဲခွဲခြား နားလည်အောင် လုပ်ပေးထားသင့်တယ်။ မတော်လောဘမဖြစ်အောင်၊ မဖြုန်းတီးအောင် သိစေဖို့ ဖြစ်ပါတယ်။

အသက် ၆ နှစ်မှ ၁၀ နှစ်

အဲဒီအသက်အရွယ်မှာ ကလေးဟာ ငွေ ဘယ်လို သုံးရမလဲ (ဘယ်လို ရွေးချယ် ၀ယ်ယူရမလဲ) ဆိုတာ နားလည်သင့်ပါတယ်။ ဈေးဝယ်ထွက်ပုံကိုလည်း သင်ပြသင့်တယ်၊ ဒါပေမဲ့ အွန်လိုင်းကနေ ၀ယ်ယူနိုင်တဲ့ အင်ဖော်မေးရှင်းတွေ များပြားခြင်း၊ ကြော်ငြာတွေများပြားခြင်းက ကလေးကို အန္တရာယ်ဖြစ်စေပါတယ်။ ငွေကို ဘဏ်အကောင့်ဖွင့်ပြီး သိမ်းထားနိုင်တယ်၊ အတိုးရနိုင်တယ်ဆိုတာလည်း သိစေအပ်ပါတယ်။

အသက် ၁၁ နှစ်မှ ၁၃ နှစ်

ကလေးဟာ ရတဲ့ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို စုဆောင်းသင့်တယ်ဆိုတာ နားလည်သင့်ပါတယ်။ အွန်လိုင်းကနေ ခရက်ဒစ်ကဒ် သုံးခြင်းဟာ ကိုယ့်ရဲ့ password အခိုးခံရပြီး၊ အန္တရာယ်ရှိနိုင်တယ်ဆိုတာ  သိထားသင့်ပါတယ်။ ငယ်စဉ်ကတည်းက စုဆောင်းခြင်းဟာ ရေရှည် ပိုမိုစုဆောင်းနိုင်မှုကို ဖြစ်စေပါတယ်။ ခရက်ဒစ်ကဒ် ဆိုတာ အကြွေးဝယ်ယူနိုင်တဲ့ ကဒ်ဖြစ်တာမို့၊ လစဉ် ငွေမဖြည့်နိုင်တာထက် ပိုသုံးနေရင် အကြွေးတွေ အများကြီး တိုးပွားလာနိုင်ပါတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

အသက် ၁၄ နှစ်မှ ၁၈ နှစ်

ဆယ်ကျော်သက်တွေအတွက် ကောလိပ်စရိတ်က အရမ်းဈေးကြီးတယ်ဆိုတာ နားလည်ထားရမယ်။ ဒါကြောင့် ကျောင်းကို သတိထား ရွေးချယ်ဖို့ လိုပါတယ်။ ကိုယ့် မျှော်လင့်ထားတဲ့ အလုပ်အကိုင်အတွက် အကျိုးဖြစ်မယ့် ကျောင်းစရိတ်ချေးငှားမှုကိုသာ လုပ်သင့်ပါတယ်။ ငွေစက္ကူနဲ့ ကိုယ်မပေးချေနိုင်တဲ့ဟာမျိုးကို ခရစ်ဒစ်ကဒ်ကို အသုံးပြု ၀ယ်ယူတာမျိုး ရှောင်ရှားသင့်တယ်။ မိမိကိုယ်ပိုင်ဝင်ငွေ ရှိပြီဆိုတာနဲ့ အခွန်ပေးဆောင်ရလိမ့်မယ်။ ကိုယ်ပိုင် ဘတ်ဂျက်ကို စနစ်တကျ သုံးတတ်သင့်တယ်။ စုဆောင်းဖို့နဲ့ ရင်းနှီးမြှုပ်ဖို့ အကောင်းဆုံးနေရာက Roth IRA ဖြစ်တယ်။

အသက် ၁၈ နှစ်နှင့် အထက်

အရွယ်ရောက်သူတိုင်းဟာ လစဉ် ၀င်ငွေရပြီဆိုတာနဲ့ ခရက်ဒစ်ကဒ် ကိုသာ သုံးသင့်ပါတယ်။ ငွေစက္ကူကို ကိုင်မနေသင့်တော့ပါ။ ကျန်းမာရေးနဲ့ အသက်အာမခံလုပ်မထားရင် နောက်ကျောမအေးလို့ ဘယ်တော့မှ စိတ်ချမ်းသာမည် မဟုတ်ပါ။ ကိုယ့်ရဲ့ အပိုငွေကို ဘယ်မှာ ရင်းနှီးမြှုပ်နှံမလဲဆိုတာ စဉ်းစားသင့်ပါတယ်။

အထက်ပါ အချက်တွေက လူတစ်ဦးချင်းအတွက် ငွေကြေးနဲ့ ပတ်သက်ပြီး အခြေခံကျတဲ့ အချက်တွေ ဖြစ်သလို၊ ကိုယ်ပိုင် ဘတ်ဂျက်ထိန်းသိမ်းမှုမှာလည်း အားနည်းမှုအများဆုံးရှိနေတဲ့ ပြဿနာများ ဖြစ်တယ်လို့ သမ္မတရဲ့ ငွေကြေးအကြံပေးအဖွဲ့က ပြောဆိုပါတယ်။

ဝင့်ထန်း

Source: NY Times 

မူးရေး-မြန်မာ နယ်စပ်လမ်းပိတ်ရန် တောင်းဆိုမှု ဆိုင်းငံ့ထား

|0 comments
Wednesday, January 11, 2012

W.P Moses

အိန္ဒိယနယ်စပ် မူးရေးမြို့ရှိ လူထုများ အသင်းအဖွဲ့မှ လမ်းပိတ်ပေးရန် တောင်းဆိုခြင်း အပေါ်တွင် မြန်မာစစ်တပ်နှင့် အိန္ဒိယ Assam Rifles 31 တို့မှ နှစ်ရက်အတွင်း ဆွေးနွေးညှိနိုင်း ကိုင်တွယ် ဖြေရှင်းမည်ဖြစ်သောကြောင့် ဆိုင်းငံ့ ထားခဲ့ရသည်ဟု နယ်စပ်သ တင်းများအရ သိရသည်။

အိန္ဒိယ၊ မြန်မာနှစ်နိုင်ငံ နယ်စပ် လမ်းပိတ်မည့် အကြောင်း အရင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြန်မာစစ်တပ် စစ်သားတဦးမှ မူးရေးမြို့သား Md Abdul Noor အမည်ရှိ ကလေးငယ် တဦးကို အပြစ်မဲ့ ပစ်ခတ်မှုအပေါ် မြန်မာစစ်တပ်တွင် တာဝန်အပြည့် အဝရှိကြောင်း ပေါ်လွင်အောင် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။

လမ်းပိတ်မည့် ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် သောကြာနေ့တွင် Moreh Ward No.5 ရှိ Madrasa LP ကျောင်း၌ အစည်းဝေး တခုပြုလုပ်ခဲ့သည်ဟု သိရသည်။

၎င်းအစည်း အဝေးတွင် Assam Rifles 31 အရာရှိ Vikram Singh နှင့် မူးလေးမြို့ အဖွဲ့အစည်းများမှ ဦးဆောင်းသူများသည် မြန်မာ့စစ်တပ်အပေါ် နှောင်တွင် မဖြစ်သင့်သည့် ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန်နှင့် နားလည် သဘောတူညီမှုတွင် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။



ကချင်စစ်ပြေးဒုက္ခသည်...

သိန်းစိန် အစိုးရ စစ်တပ်ဟာ ကချင်နယ်မြေနှင့် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနံ့တွင်လည်း အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးနှိပ်စက်၊ မဒိန်းကျင့်၊ ပေါ်တာခေါ် ၊ အပြစ်မဲ့ ပြည်သူများကို ပစ်သတ် စသည့် စစ်ရာဇဝတ်များကို ချိုးဖောက်နေပေမယ့် ကမ္ဘာက မျက်ကွယ်ပြုနေပါသည်။

ကချင်ပြည်နယ် ဖါးကန့်ဘက်တွင်လည်း ယခုလ ဇန္နဝါရီလကစပြီး စစ်အစိုးရနှင့် ကေအိုင်အေတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီဖြစ်ပါတယ်။ ယင်းတိုက်ပွဲကြောင့် ဒေသခံ ပြည်သူများဟာ အိုးအိမ်များကို စွန့်ခွာကာ ထောင်နှင့်ချီပြီး ထွက်ပြေး တိမ်းရှောင်နေရပြီ ဖြစ်ပါတယ်။

Tuesday, January 10, 2012

Kachin Manau Festival

|0 comments
Tuesday, January 10, 2012

 W.P Moses 

လွန်ခဲ့တဲ့နှစ်များတွင် ကချင်တိုင်းရင်းသားများရဲ့ မနောပွဲတော်ကို လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင် ပြုလုပ်ကျင်းပ နိုင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မနောကွင်းဟာ တိတ်ဆိတ်ငြိမ်သက်လျက် ဝမ်းနည်းစွာဖြင့် ရှိနေပါတော့တယ်...။ ကချင်တမျိုးသားလုံးရဲ့ တန်ဖိုးထားပြီး ကချင်ဘိုးဘွား အဆက်ဆက်  ပြုလုပ်ကျင်းပလာခဲ့တဲ့ မနောပွဲတော်ကြီးဟာ သိန်းစိန် စစ်တပ်နှင့် ကေအိုင်အေတို့ အကြား တိုက်ပွဲတွေကြောင့် စစ် မြေဇာ အဖြစ် ခံနေရပါတော့တယ်..။
 

ကချင်ပြည်နယ် “နေ့” ရောက်ရှိသော်လည်း…. သိန်းစိန်စစ်တပ် စစ်အင်အားတိုးချဲ့… ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်..

|0 comments
Tuesday, January 10, 2012

W.P Moses

နှစ်တိုင်းရဲ့ ဇန္နဝါရီလ ၁၀ ရက် ဟာ ကချင်လူမျိုးတွေရဲ့ ကချင်ပြည်နယ် နေ့ အဖြစ် ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင် ကျင်းပ လာခဲ့တာဟာ ၆၃ ကြိမ်မြောက်အထိ ရှိခဲ့ပါတယ်။ ဒီနှစ်ဟာ ၆၄ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ ဖြစ်ပါတယ်။ ကချင်ပြည်နယ်နေ့ကို ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် နှစ်တိုင်း ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်လျက်ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ဟာ ယင်း မနောကွင်းတွင် လူသူကင်းမဲ့ပြီး ဝမ်းနည်းစွာ တိတ်ဆိတ် ငြိမ်သက် နေပါတော့တယ်။

ကချင် မနောက တဲ့အခါ ရှေ့မှာ ဦးဆောင်တဲ့ မနောက ခေါင်းဆောင်းများ

လွန်ခဲ့တဲ့နှစ် ဇွန်လ ကတည်းကနေ ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကြောင့် အပြစ်မဲ့ပြည်သူများဟာ စစ်ပွဲရဲ့ မြေဇာအဖြစ် ခံစားနေရပါတယ်။ ကချင်လူမျိုးတွေဟာ ဘိုးဘွားခေတ် ကတည်းက ကိုယ့်မြေ ကိုယ်နယ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်လာခဲ့တာ ဖြစ်ပါတယ်။ ကချင်လူမျိုးတွေရဲ့ တန်းဖိုးထားပြီး လုပ်ဆောင်လာခဲ့တဲ့ ကချင်မနောပွဲဟာ ယခုနှစ်မှာဆိုရင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါ။

 သိန်းစိန် စစ်တပ်မှ ဖမ်းဆီး ခေါ်ဆောင်ပြီး မဒိန်းကျင့်ပြီး ယခုချိန်ထိ အဖြေမရတဲ့ ဆွမ်းလွတ်ရွယ်ဂျား ထားရစ်ခဲ့တဲ့ ကလေးငယ်... ကို တွေ့ရစဉ်..

ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သိန်းစိန် စစ်တပ်ရဲ့ စစ်အင်အားတိုးချဲ့ပြီး ကေအိုင်အေကို ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေကြောင့် အပြစ်မဲ့ ပြည်သူလူထုဟာ စစ် မြေဇာအဖြစ် သိန်းစိန် စစ်အစိုးရရဲ့ အပြစ်မဲ့ပြည်သူများကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ညှင်းပန်း နှိပ်စက်ပြီး သတ်ဖြတ်ခြင်း၊ ကချင်အမျိုးသမီးများနှင့် တခြား တိုင်းရင်း သူ များကို မဒိန်းကျင့် သတ်ဖြတ်ခြင်း၊ ကလေး သူငယ်များကို ခြိမ်းခြောက် ညှင်းပန်းနှပ်စက်ခြင်း စတဲ့ လူ့အခွင့်အရေးများကို ချိုးဖောက်နေပါ တော့တယ်..။

ကချင်စစ်ပြေးဒုက္ခသည်...

သိန်းစိန်နှင့် မင်းအောင်လှိုင် စစ်တပ်တို့ဟာ ယခုချိန်တွင်လဲ ကချင်ပြည်နယ် ဖါးကန့်မြို့နယ်ရှိ ဥရိုဆိုင်းမော်၊ ခွမ်ဇိုင်ဇွပ် (Hkum Tsai Zup) နမ်ယာ ကျေးရွာ၊ မနာမော်၊ ဆဘော်မော် စတဲ့ နယ်မြေ ကျေးရွာများတွင် စစ်အစိုးရ စစ်အင်အား (၈၀၀) ဝန်းကျင် ဝင်ရောက် နေရာယူနေပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်။ ယင်း စစ်တပ်များမှာ ခလရ ၅၈၊ ၂၉၈၊ ခမရ ၃၈၂၊ ၃၈၅၊ ၃၈၆၊ ၃၁၅ တို့ဖြစ်ပြီး နေပြည်တော် အထူး ရဲတပ်ဖွဲ့မှ စစ်အင်အား (၂၀၀) ဝန်းကျင်တို့ ပါဝင်ကာ စစ်အင်အား တိုးချဲ့ နေကြောင်း သိရှိရပါတယ်။

သိန်းစိန် စစ်အစိုးရမှ ကေအိုင်အေကို စစ်အင်အားတိုးချဲ့ ထိုးစစ်ဆင် တိုက်ခိုက် နေမှုတွေကြောင့် ယခုချိန်တွင် ကချင်ပြည်နယ် ဖါးကန့်နယ်မြေတဝိုက်မှ စစ်ပြေးဒုက္ခသည်များဟာ ထောင်နှင့်ချီပြီး ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

သမ္မတသိန်းစိန်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကေအိုင်အေအား ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းရန် လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့စွဲနဲ့ ညွန်ကြားစာ ပေးပို့ခဲ့ပြီးနောက် တိုက်ပွဲများဟာ ပိုမူပြင်းထန်လာပြီး နေရာတိုင်းမှာ တိုက်ပွဲများ ဖြစ်ပွား နေပါတယ်။

Kachin film screening in Rangoon

|0 comments
Tuesday, January 10, 2012
W.P Moses


စီစဉ်တည်းဖြတ် -  ဇော်ရှန် 
တင်ဆက် - သဲသဲ
မူပိုင် -  mizzima tv 

Monday, January 09, 2012

64 Lang Na Jinghpaw Mung N-htoi

|0 comments
Monday, January 9, 2012


တိုင်းရင်းသားများ ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆိုစာပို့

|0 comments
 Monday, January 9, 2012

ခခူးလ    

၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီ ၁၂ ဖွဲ့က ခေါင်းဆောင်တွေဟာ လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ ၃ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် မစ္စတာ ဘန်ကီမွန်းထံ စာပေးပို့လိုက်တယ်လို့ သိရပါတယ် ။

ကုလသမုဂ္ဂ အထွေထွေ အတွေးရေးမှူး ဘန်ကီမွန်း

“သတင်းစာမျက်နာ ဖော်ပြမူအရ  ယမန်နေ့ ညနေပိုင်းက မစ္စတာဘန်ကီမွန်းဆီကို အီးမေးလ်နဲ့ ပို့တယ်၊ အဓိက အချက် ၃ ချက် ပါတယ်၊။

၁ ။    ။ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့၊

၂။      ။  ပြည်တွင်းစစ်တွေ အကုန်လုံး ရပ်စဲပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကိုလည်း စစ်ဆေး ရပ်စဲ ဖို့၊
၃။    ။ တတိယ အချက်က ဒေါ်အောင်ဆန်းစုကြည်ရယ်၊ လက်ရှိ ဦးသိန်းစိန် အစိုးရရယ်၊ နိုင်ငံရေး အဖွဲ့ အစည်းများနဲ့ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးနိုင်မယ့် အချိန်တစ်ခု သတ်မှတ်ပြီး တော့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို မဖြစ်မနေ ဖော်ဆောင်သွားဖို့ အဲ့ဒီကိစ္စတွေကို မစ္စတာဘန်ကီမွန်း ကနေပြီးတော့ မြန်မာအစိုးရကို ဖိအားပေး ရန် တိုင်းရင်းသား ခေါင်းဆောင်တွေ တောင်းဆိုက်လိုက်တယ်လို့ သိရပါတယ်။

KIA မှ လက်စွမ်းပြ ပစ်ချက်

|1 comments
 Monday, January 9, 2012

ဇန်န၀ါရီလ (၄) ရက်နေ့က ရုရှားလုပ် MI - 24 ရဟတ်ယာဉ်အား လွယ်ဂျယ်တ၀ိုက် ပျံသန်းလာနေစဉ် KIA မျိုးချစ်စစ်သည်များက ပစ်ခတ်ခဲ့လို့ ရဟတ်ယာဉ် ကိုယ်ထည်တွင် ကျည်ဆံ နှစ်ချက် ထိမှန်ခဲ့တယ်လို့ လေတပ်နဲ့ နီးစပ်သူများထံမှ သိရပါတယ်။




ရဟတ်ယာဉ် မောင်းသူ ပိုင်းလော့မှာ ဗိုလ်မှူး ကျော်သူထိုက် ဖြစ်ကာ Pilot ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရပြီး ချက်ချင်း ဌာနချုပ်သို့ လှည့်ပြန်ခဲ့ရပါတယ်။ ဗိုလ်မှူး ကျော်သူထိုက်ဟာ DSA (42) မှ ဖြစ်တယ်လို့ သိရပါတယ်။