Monday, January 09, 2012

တိုင်းရင်းသားများ ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆိုစာပို့

|0 comments
 Monday, January 9, 2012

ခခူးလ    

၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီ ၁၂ ဖွဲ့က ခေါင်းဆောင်တွေဟာ လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ ၃ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် မစ္စတာ ဘန်ကီမွန်းထံ စာပေးပို့လိုက်တယ်လို့ သိရပါတယ် ။

ကုလသမုဂ္ဂ အထွေထွေ အတွေးရေးမှူး ဘန်ကီမွန်း

“သတင်းစာမျက်နာ ဖော်ပြမူအရ  ယမန်နေ့ ညနေပိုင်းက မစ္စတာဘန်ကီမွန်းဆီကို အီးမေးလ်နဲ့ ပို့တယ်၊ အဓိက အချက် ၃ ချက် ပါတယ်၊။

၁ ။    ။ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့၊

၂။      ။  ပြည်တွင်းစစ်တွေ အကုန်လုံး ရပ်စဲပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကိုလည်း စစ်ဆေး ရပ်စဲ ဖို့၊
၃။    ။ တတိယ အချက်က ဒေါ်အောင်ဆန်းစုကြည်ရယ်၊ လက်ရှိ ဦးသိန်းစိန် အစိုးရရယ်၊ နိုင်ငံရေး အဖွဲ့ အစည်းများနဲ့ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးနိုင်မယ့် အချိန်တစ်ခု သတ်မှတ်ပြီး တော့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို မဖြစ်မနေ ဖော်ဆောင်သွားဖို့ အဲ့ဒီကိစ္စတွေကို မစ္စတာဘန်ကီမွန်း ကနေပြီးတော့ မြန်မာအစိုးရကို ဖိအားပေး ရန် တိုင်းရင်းသား ခေါင်းဆောင်တွေ တောင်းဆိုက်လိုက်တယ်လို့ သိရပါတယ်။

KIA မှ လက်စွမ်းပြ ပစ်ချက်

|1 comments
 Monday, January 9, 2012

ဇန်န၀ါရီလ (၄) ရက်နေ့က ရုရှားလုပ် MI - 24 ရဟတ်ယာဉ်အား လွယ်ဂျယ်တ၀ိုက် ပျံသန်းလာနေစဉ် KIA မျိုးချစ်စစ်သည်များက ပစ်ခတ်ခဲ့လို့ ရဟတ်ယာဉ် ကိုယ်ထည်တွင် ကျည်ဆံ နှစ်ချက် ထိမှန်ခဲ့တယ်လို့ လေတပ်နဲ့ နီးစပ်သူများထံမှ သိရပါတယ်။




ရဟတ်ယာဉ် မောင်းသူ ပိုင်းလော့မှာ ဗိုလ်မှူး ကျော်သူထိုက် ဖြစ်ကာ Pilot ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရပြီး ချက်ချင်း ဌာနချုပ်သို့ လှည့်ပြန်ခဲ့ရပါတယ်။ ဗိုလ်မှူး ကျော်သူထိုက်ဟာ DSA (42) မှ ဖြစ်တယ်လို့ သိရပါတယ်။

Sunday, January 08, 2012

ဗြိတိန်နိုင်ငံ ပေါင်စတာလင် ၁၈၅ သန်းကို ထောက်ပံ့

|0 comments
Sunday, January 8, 2012

ဇော်ရှန် W.P Majoi


မြန်မာနိုင်ငံရှိ အခြေခံ လူတန်းစားများ အသေးစား ချေးငွေပေးရန်အတွက် လေးနှစ်စာ ရန်ပုံငွေ ပေါင်စတာလင် ၁၈၅ သန်းကို ထောက်ပံ့ သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးက ရန်ကုန်မြို့ ဗြိတိလျှ ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကိုပြောခဲ့သည်။

 
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး (ဓါတ်ပုံ     WPNG)

လာမည့်လေးနှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံ အတွက် ထောက်ပံမည့် စတာလင်ပေါင်  ၁၈၅ သန်းသည် မြန်မာနိုင်ငံရှိ လူပေါင်း ၆ သိန်းခန့်ကို အသေးစား ချေးငွေများ ပေးနိုင်မည်ဖြစ်ကြာင်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ်မှ စစ်ပြေးဒုက္ခသည်များ အတွက်လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အဖြစ် နောက်ထပ် စတာလင် ၂ သန်းကို ပေးရန် စီစဉ်နေကြောင်း သိရသည်။

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး (ဓါတ်ပုံ     WPNG)

ယင်းငွေမှာ ငြိမ်ချမ်းမှု တည်ဆောက်ရေး အတွက် အားထုတ်မှုများနှင့် ကလေးငယ်များအတွက် အထူး အလေးပေးကာ ကချင်ပြည်နယ်မှ ဒေသတွင်းရှိ စစ်ပြေးဒုက္ခသည် ၁၃၀၀၀ အတွက် ၃ လစာ အစား အသောက်၊ အဟာရ၊ နားခိုရာဂေဟာနှင့် မိလာစနစ်တို့ပါဝင်ကြောင်း သိရသည်။

Peace

|0 comments
Sunday, January 8, 2012

W.P Moses


14 Peace
Peace come from Jesus Christ.

Peace is reading different kinds of books. 

Peace is learning different kinds of languages.

Peace is visiting different kinds of countries.

Peace is giving who need a warm.

Peace is having everyone own house.

Peace is missing who love you.

Peace is sleeping a nap.

Peace is being fly free.

Peace is having enough food.

Peace is listening different kinds of music.

Peace is talking by free in everywhere on the world.

Peace is having own parents.

Peace is peace.

W.P Moses 



 We are The World
                                                                                       

စစ်မှန်သောလိုအပ်မှု

|0 comments
Sunday, January 8, 2012
W.P Moses
စစ်မှန်သောလိုအပ်မှု

 အကောင်းဆုံးကြိုးစား သွားရင်တော့ အကောင်းဆုံး ရလဒ်တွေကို ရမှာပါ....

ဒါတွေဟာ ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းမှုလား....

ကမ္ဘာပေါ်မှာ အလိုအပ်ဆုံးဟာ ဘာလဲ.. 

အရေးအကြီးဆုံးကကော ဘာတွေလဲ… 

အမြတ်နိုးဆုံး အရာတွေကဘာလဲ… 

တန်ဖိုးအကြီးဆုံးကကော ဘာတွေလဲ… 

 အကောင်ဆုံးကကော ဘာအရာတွေဖြစ်သလဲ… 

လူဆိုတာဟာ လူသား တစ်ယောက်ပါပဲ.. 

အဲဒီ လူသားဟာ ခံစားချက်ရှိတယ်.. 

ဝမ်းနည်းကြေကွဲခြင်း ဆိုတာလဲရှိပါတယ်.. 

လူတစ်ယောက်အပါ် နားလည်မှုလည်းရှိတယ်… 

စာနာတတ်တဲ့ စိတ်လည်းရှိတယ်.. 

အမှန်တရားကိုလည်း သိတယ်.. 

ဒါပေမဲ့ကွာ…အခုဟာက လွန်လွန်းပါတယ်…

တစ်နှစ် နှစ်နှစ် မဟုတ်ဘူး.. 

လွတ်လပ်ရေးရတာ နှစ် (၆၀) တောင် ကျော်သွားပြီ..

ဒီလိုမျိုး စစ်အစိုးရရဲ့ လက်အောက်မှာ အဖိနှိပ်ခံနေရတာ အလွန်ကိုမွမ်းကြပ်နေပြီ..

ကျွန်တော်တို့ လိုချင်တာ ဒါမျိုးမဟုတ်တာတော့ အမှန်ပဲ.. 

ကျွန်တော်တို့ လိုချင်တာ တကယ့်လွတ်လပ်တဲ့.. လွတ်လပ်မှုအစစ် ကိုပါ… 

လူလူချင်း သနားညှာသာမှုကိုလည်းမဟုတ်ဘူး၊ လူ့အခွင့်အရေးကို ပါ… 

( Not philanthropy but rights) 

ဒါကို သေချာစွာ ခွဲခြား သိမြင်နိုင်ဖို့က အလွန်အရေးကြီးပါတယ်… 

ကျွန်တော်တို့ တိုင်းသူပြည်သား မုန်းတာအစိုးရကို မဟုတ်ပါဘူး.. 

တစ်ခုတည်းသော တရားမမျှတမှု ဆိုတဲ့ဟာ ကိုပဲဖြစ်ပါတယ်…

(I hate no one but I hate only injustice.) 




အားတင်းထားကြပါ... 





 

စိတ်ဝင်စားစရာ လေးတွေပါ

|0 comments

Sunday, January 8, 2012

W.P Moses

 ကြည့်ရှု ခံစား ကြည်နူး အားပေးရင်း ရှေ့ဆက်ပြီးသွားကြပါစို့


အားလုံးကို အထူး ကျေးဇူးတင် ပါတယ်...ကျွန်တော်တို့ အားလုံးရဲ့စိတ်ဓာတ်ဟာ အမြဲတမ်း စိမ်းလန်းပြီး ရိုးသား ဖြောင့်မတ်ရန် အင်မတန် အရေးကြီးပါတယ်...အမြဲတမ်း ပြုံးပြုံးနဲ့ ရှေ့လျှောက် ကြရအောင်... ပျော်ရွှင်မှုဟာ ကျွန်တော်တို့ ကိုယ်တိုင်ဘဲ ဖြစ်ပါတယ်...

Saturday, January 07, 2012

Air Bagan to suspend international

|0 comments
Saturday, January 7, 2012
W.P Moses




တည်းဖြတ် - ဇော်ရှန် (W.P Freelance Media Group)
မူပိုင် - Mizzima TV

မိုးကောင်း-ဖားကန့် လမ်းပေါ် စစ်ပွဲးများဆက်ဖြင့်နေ

|0 comments
Saturday, January 7, 2012


W.P Moses

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေခြင်းကြောင့် မိုးကောင်း-ဖားကန့် လမ်းအား ဗုဒ္ဓဟူးနေ့မှ စပြီး ပိတ်လိုက်ကြောင်း ကချင်လွတ်မြောက်ရေးတပ် KIA မှ တရားဝင်ပြောဆို လိုက်ပါတယ်။

 သိန်းစိန် စစ်တပ် တပ်မ ၃၃၊ ၆၆၊ ၈၈ တို့မှ အင်အား ၃ဝဝ ကျော်ဖြင့် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မိုးကောင်း-ဖားကန့် ကားလမ်းမကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ခြင်းဖြစ်တယ်လို့ ကေအိုင်အေက ပြောပါတယ်။

သိန်းစိန် စစ်တပ် စစ်ကြောင်းများကို တွေ့မြင်ရစဉ်...

KIA တပ်ရင်း (၆) နယ်မြေဘက်သို့ အစိုးရတပ်တွေ ထိုးစစ်ဆင်လာသဖြင့် ပိတ်လိုက်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေ အန္တရာယ် မဖြစ်အောင်၊ ထိခိုက်မှုမရှိစေရန်၊ ပြည်သူတွေကို အရင်ကာကွယ်တဲ့ ရည်ရွယ်ချက်နဲ့ ပိတ်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ် ။


ဖားကန့်မြို့နယ် နမ်ရာနှင့် ကားမိုင်းကြားတွင် ဇန်နဝါရီလ ၃ ရက်နေ့က စပြီး  တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ဗုဒ္ဓဟူးနေ့မှ စ၍ ကြာသပတေးနေ့ထိ တံတားညီနောင်တွင်  ဆက်လက်ပြီး တိုက်ပွဲများ ဖြစ်ပွားနေလို့ သိရပါတယ်။

 ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ သမ္မတမှ ကေအိုင်အေကို ထိုးစစ်ဆင်နေမှု စစ်အင်အား တိုးချဲ့မှုများကို ဆက်လက် မလုပ်ဆောင်ရန် ညွန်ကြားထားပြီးနောက် တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သလို KIO ဘက်မှ တပ်ဆုတ်လိုက်ရမှုများလည်း ဆက်လက် ရှိနေပါတယ်။


ကေအိုင်အေနှင့် အစိုးရတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကြားမှာဘဲ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။ တကယ့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရအုံးမယ် ဖြစ်ပါတယ်။

Ga Shagawp - ကဗျာများ...

|0 comments
Saturday, January 7, 2012

W.P Majoi
SHANG LAWT HPYEN LA
Katsi kahtet nhkrit,
Sut gan ja gum hpraw n myit;
Mungdan lu na sharawng,
Asak du, baw ap nawng,
Ningsin ninghtoi n lata;
Magam lam hta kangka;
Mung shawa yawng hpe tsaw ra,
Myu ru sai , makam masham n-ging hka,
Ginjaw a masing hkan nang,
Tsawm htap ai myit mang;
Magam hpyen la sat lawat,
Up hkang, woi awn ai hpe madat,
Lata galoi n sharawt,
Tai hpyen wa hpe adawt,
Myu tsawm brang wa,
Shang lawt hpyen la.

HPYEN MADUNG

Mungdan kata de tawt,
Jarit wang hpe shing kawt;
Shang kabye dip up, je hpre sai chyup,
Mung shawa ni hpe dip,
Amyu sha ni hpe rip,
Myen mung maden,
Koluni lai len
Gasat kau ra ai hpyen.

 

KA-NI HPYEN


Mayu kasha gaw nrai,
Kaw chyang hkawn hpe sum tsaw shatai;
Chyurum shayi mung nrai,
Myu shamyit laknak kaba she rai.
Kaw chyang hkawn dai Brang Lawn hpe shachyen,
Sumri galu hte ahkyen;
Agawng hkumgu machyi ai nga,
Kaw chyang hkawn kaw sa.


Kaw chyang hkawn hpe sama ma,
Dum nta sutgan yawng kata;
Shi hte nhkrum yang gari,
Hkum ting mung agrawp machyi,
Ja gumhpraw nlu magang,
Kaw chyang hkawn zing-ri shatsang;
Jam jau lam lak lai ai,
Shi hte hka mung nmai sai.
Kaw chyang hkawn chyup ai ana wa,
Hkum sai kata hpyi hte nra,
Zet let ai baw nu jahkyet,
Sin wawp ana mung makret.
Matsan sumri lashoi shoi,
Katsan ga de ahkyit woi;
Kaw chyang hkawn hpe lawan jahka,
Htawng chying hka hpe lawan la saga law.


Jing hpaw lai ka, tsang mali, ga shagawp. K.I.O ginjaw hpaji dap.



Mungdan Masum Hta Nga ai Wunpawng sha ni (Mawa Mung, Myen Mung, Gala Mung)

|0 comments
Saturday, January 7, 2012

W.P Moses

Asak hkrung ai Karai Kasang a chye ju hpe shawng nnan shakawn nngai.


Wunpawng myu sha ni a labau hpe mat mat nmai ai, hka bra nmai ai , labau run pusin dun nga ai Nu Wa hpu nau yawng hte e… ngwi pyaw hkam kaja nga myit ni..?

Wunpawng sha ni a labau hpe nhtang sum ru yu… htaw aw..htaw Majoi shingra bum kaw na , mayu, da ma, kahpu kanau di kru langai sha zawn nga pra hkrat wa ai, chyu rum ai annau ni nan rai. Ya dai ni gaw Wunpawng sha ni nga ai ginra wa, htaw…aw.. htaw Miwa mung a sinpraw maga de, Myen Mungdan a ding dung maga de, Gala mung a sin na maga de nga nga ai. Miwa Mung, Myen Mung , Gala Mung , Mungdan masum hta nga nga ai, Wunpawng sha ni yawng myit hkrum ga lu i… chyu rum ai annau ni nan rai.

Ya aten hta e… wunpawng sha ni yawng myit hkrum kahkyin gumdin na matu manu mana nan grai ahkyak ai aten du sai hpe mu lu ai. Shara shagu hta du nga ai Wunpawng sha ni yawng myit mang langai hte sha myit hkrum mang rum na aten rai sai. Wunpawng sha ni e… ya aten hta e nang shoi nang sha nnga ai sha myit rum mang rum let Karai Kasang ra sharawng ai hkrun lam de rawt sa wa ga. 




သိန်းစိန် စစ်တပ်မှ အလယ်တန်း ကျောင်းသားသူငယ်များကို ပေါ်တာ အဖြစ် ဖမ်းဆီးနေ...

|0 comments
  Saturday, January 7, 2012
W.P Moses
  
သိန်းစိန်၊ မင်းအောင်လှိုင်တို့ရဲ့ သား ခလရ - ၁၃၈ တပ်ရင်းမှူး မြင့်သိန်း

 ကချင်ပြည်နယ် ဆွမ်ပရာဘွမ် ကားလမ်းပေါ်ရှိ ခဂရန်း (Hka Garan) ကျေးရွာမှာ ရောက်ရှိနေတဲ့ ပူတာအို ဗျူဟာ အတွင်းမှာ ပါဝင်တဲ့ သိန်းစိန် စစ်တပ် ခလရ (၁၃၈) တပ်ရင်းမှူး မေဂျာ မြင့်သိန်း ဦးဆောင်တဲ့ စစ်ကြောင်း အင်အား (၄၀) ကျော် စစ်တပ်တို့ဟာ ခဂရန်း ကျေးရွာရှိ အလယ်တန်းကျောင်း ကျောင်းဆင်း ချိန်တွင် စောင့်နေကာ ယင်းကျောင်းမှ ကျောင်းသားကြီးများကို ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ရွာခံများမှ သိရှိ ရပါတယ်။ ဘယ်နှစ်ယောက် ဖမ်းဆီးခေါ်ဆောင် သွားတယ် ဆိုတာကို အသိ အကျမသိ ရသေးပါ။ ယင်းကျေးရွာမှ လူငယ်နှင့် အရွယ်ရှိလူကြီးများဟာ လဆန်း ၄ ရက်နေ့ ကတည်းက စစ်တပ်တို့မှ ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှာကို စိုးရိမ်သဖြင့် တောထဲသို့ အားလုံး ထွက်ပြေး တိမ်းရှောင်နေရာ ယခုလို အရွယ်မရောက်၊ အသက် ငယ်သေးတဲ့  ကျောင်းသားများကို သိန်းစိန် တပ်တို့မှ ပြန်လည် မြှားဦး လှည့်လာခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

နိုင်ငံတကာရဲ့ ဥပဒေ အရ ကလေးလူငယ်များကို နိုင်ငံတော်မှ ကာကွယ်စောင့်ရှောက် လမ်းပြပေးရမည် ဆိုတဲ့ ဥပဒေများကိုလည်း သိန်းစိန်၊ မင်းအောင်လှိုင် စစ်တပ်တို့မှ နိုင်ငံတကာရဲ့ ဥပဒေကို အရေးမထား၊ ဂရုမစိုက် ကိုယ့်စိတ်ကြိုက် ချိုးဖောက် နေတာ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

 အနာဂါတ်မဲ့၊ ကယ်တင် ကူညီမယ့်သူများကို အားကူးစွာ မျှော်လင့်နေတဲ့ ကချင်စစ်ပြေး ဒုက္ခသည် ကလေးသူငယ်များ...

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားများကို ဗမာ စစ်တပ်မှ လက်ဝါးကြီးအုပ် စိုးမိုးနေပြီး တိုင်းရင်းသား လူမျိုးများကို ညှင်းပန်းနှိပ်စက်၊ တိုင်းရင်းသူတွေကို မဒိန်းကျင့် သတ်ဖြတ်၊ ကလေး သူငယ်များ၊ အရွယ်မရောက်သေးတဲ့ ပြည်သူပြည်သားများကို ဖမ်းဆီး ညှင်းပန်းနှပ်စက် နေတာဟာ ယနေ့ထိတိုင်တွေ့မြင် ခံစားနေရပါတယ်။

လွန်ခဲ့တဲ့နှစ် ဇွန်လ ကတည်းက ၁၇ နှစ်ကျော် တိုင်တိုင် အပစ်ရပ် ငြိမ်းချမ်းရေး ယူထားတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ငြိမ်းချမ်းရေး ပျက်ပြားကာ ပြန်လည် စစ်ပွဲဖြစ်လာခဲ့သည်မှာ ယနေ့ထိဆိုရင် (၇) လ ကျော်လာပြီ ဖြစ်တဲ့ အားလျော်စွာ ကချင်နှင့် တခြား တိုင်းရင်းသား ပြည်သူ စစ်ပြေးဒုက္ခသည်ဟာ (၅၀၀၀၀) ငါးသောင်း ကျော်ရှိနေပြီး အများစုမှာ ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေထဲမှာ သွားရောက် ခိုလှုံနေသလို တခြား မရည်တွက်နိုင်တဲ့ စစ်ပြေး ဒုက္ခသည်များဟာ တောတောင်၊ တောင်ကြား ထဲတွင် ဆင်းရဲ ဒုက္ခ အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။