Wednesday, December 28, 2011

ဂျာပူ ရွာသားများကို သိန်းစိန် အစိုးရ ဖမ်းဆီးလမ်းပြခိုင်း

|0 comments
Wednesday, December 28, 2011


ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ကချင်ပြည်နယ် မလန်းယာန် ဂျာပူကျေးရွာသို့ သိန်းစိန်အစိုးရ စစ်တပ်များ ဝင်ရောက်လာကာ ခရစ်ယာန် ဘုရားကျောင်းဝင်းနှင့် ဆုတောင်းကုန်းများတွင် နေရာယူ စခန်းချနေကြောင်း သိရှိရပါတယ်။ ယခုချိန်တွင် ရွာသူရွာသားများ (၂၀၀) ဝန်းကျင်ဟာ တောတွင်း များသို့ ထွက်ပြေး သိမ်းရှောင်နေကြရပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ သိန်းစိန် စစ်တပ်ဟာ ယင်း ဂျာပူကျေးရွာမှ ရွာသား (၁၃) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရွာသားများရဲ့ ပြောပြချက် အရ သိရှိ ရပါတယ်။ တဆက်တည်းမှာဘဲ ခဇူးကျေးရွာမှ ရွာသား (၇) ဦးကိုလည်း သိန်းစိန် စစ်တပ်တို့က ဖမ်းဆီးပြီး ဂျာပူကျေးရွာသို့ လမ်းပြဖို့ရန် အတင်း ခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။

W.P Moses

ကေအိုင်အေ တပ်ရင်း (၇) ပူတာအိုဘက်သို့လည်း စစ်မီးကူးသွားပြီ

|0 comments
 Wednesday, December 28, 2011

 Kachin Independence Army (K.I.A)

ကချင်နယ်မြေများတွင် စစ်ပွဲများ နေ့ည မပြက် ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။ သမ္မတ သိန်းစိန်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကချင် ထိုးစစ်ဆင်မှု များကို ရပ်တန့်ရန် ဒီဇင်ဘာလ (၁၀) ရက် နေ့စွဲနဲ့ စာပေးပို့ခဲ့သော် ငြားလည်း တိုက်ပွဲများဟာ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ တပ်အင်အားများလည်း ဆက်လက် တိုးချဲ့နေကြောင်း သိရှိရပါတယ်။ ယခုချိန်တွင် ကေအိုင်အေ တပ်ရင်း (၇) နယ်မြေဖြစ်တဲ့ ပူတာအိုဘက်သို့လည်း နေ့ည မပြက် စစ်ပွဲ ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။ မြစ်ကြီးနား ကားလမ်း ဂျာပူ (မလန်းယာန်) တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း ဆက်လက် သိရှိရပါတယ်။

W.P Majoi

အိန္ဒိယရောက် ကချင် (ရဝမ်)

|1 comments
Wednesday, December 28, 2011

စစ်ပြေးဒုက္ခသည်များအတွက် စစ်တမ်းကောက်ယူ

|0 comments
Wednesday, December 28, 2011


ဇော်ရှန်  (wp)

ကချင်နယ်မြေအတွင်း ဖြစ်ပွားနေသော စစ်ပြေးဒုက္ခသည်များ အတွက် လိုအပ်သည့် ထောက်ပံ့ရေး အကူအညီများကို  ပေးနိုင်ဖို့  ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) မှ စစ်တမ်း ကောက်ယူသွားမယ်လို့ သိရပါတယ်။

ကချင်စစ်ပြေးဒုက္ခသည်

(ယူနီဆက်) အနေဖြင့်   မြစ်ကြီးနား အနီးတစ်ဝိုက်ရှိ စစ်ပြေးဒုက္ခသည်များ ရှိတဲ့  နေရာ ၃၉ နေရာ၊ လူဦးရေ ခြောက်ထောင်နီးပါးကို ကနဦး အကူအညီများ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။


အပစ်အခတ် ရပ်စဲဖို့ ထုတ်ပြန်ပြီးနောက်မှာတော့ ကုလသမဂ္ဂ အဖွဲ့အစည်းသုံးခုကို ထောက်ပံ့ရေးတွေ အတွက် ၀င်ရောက်ခွင့် ပေးခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကုလသမဂ္ဂ အဖွဲ့အစည်းသုံးခုဖြစ်တဲ့ UNICEF, UNHCR, OCHA  မှ စစ်ပြေးဒုက္ခသည်  မိသားစုအတွင်း လိုအပ်တဲ့  ရေသန့်ဆေးပြားများ၊ လတ်တလော မိသားစုအတွင်း  အသုံးအဆောင်ပစ္စည်းများ (ခြင်ထောင်၊ ဆပ်ပြာ၊ တာပေါ်လင်၊ ရေသန့်ဆေးရည်) ၊ အိမ်သုံး ဆေးဝါးများနှင့် ကျန်းမာရေးသုံး ပစ္စည်းများ၊ အာဟာရဖြည့်တင်းပေး သည့် အစားအစာများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ အရေးပေါ် ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများ၊ Family Kits  စသည့် ပစ္စည်းများ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ် ။

 ကချင်နယ်မြေအတွင်း စစ်ပြေးဒုက္ခသည်  နေရပ်ပြောင်းရွှေ့နေရသူ ဦးရေ လေးသောင်းဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ် ။

W.P Majoi

အမေရိကန် သမ္မတက သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပို့တဲ့ ပေးစာပါ

|0 comments
Wednesday, December 28, 2011

Yangon, Myanmar (CNN) -- Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Myanmar's leading democracy campaigner Aung San Suu Kyi Thursday. Here is the letter in full as released by the State Department:

Aung San Suu Kyi
Rangoon, Burma
Daw Aung San Suu Kyi:

It was a pleasure and an honor to speak with you recently. As I said during our conversation, I have long admired your brave and unwavering struggle for democracy, and I consider our conversation a highlight of my recent visit to Asia.

I am pleased that the Burmese government has taken several encouraging steps in the direction of democracy and reform. Secretary of State Clinton's visit will explore how the United States can support efforts to foster political opening and respect for universal human rights, as well as demonstrate the seriousness of our commitment to helping the people of Burma achieve their democratic aspirations.

I thank you for your welcome of the Secretary's visit, and look forward to speaking to you again. Thank you for the inspiration you provide all of us around the world who share the values of democracy, human rights, and justice. We stand by you now and always.

Sincerely,
Barack Obama

Naypyidaw, Myanmar (CNN) -- Secretary of State Hillary Clinton personally delivered a letter from President Barack Obama to Myanmar's President Thein Sein Thursday. Here is the letter in full as released by the State Department:
His Excellency
Thein Sein,
President of the Union of Burma,
Naypyidaw
Dear President Thein Sein:
I am pleased we had an opportunity to see each other in Bali (Indonesia), at the U.S.-ASEAN Leaders Meeting two weeks ago. I am encouraged that under your leadership your country has undertaken several encouraging steps on the path toward reform.

I have asked Secretary of State Clinton to visit your country to discuss your vision for reform, explore how the United States can support and advance your efforts to transition to democracy and promote protection of human rights, and talk directly to your government and citizens about prospects for enhancing relations between our two countries. To that end, she will engage your government about our continuing concerns in the spirit of mutual interest and mutual respect. There is much work to be done, and as Secretary of State Clinton and I have said previously, the United States stands ready to serve as a genuine partner in your effort to achieve lasting change.

I appreciate your government's help in planning and preparing for this milestone visit. I look forward to hearing the tangible outcomes of Secretary Clinton's discussions, which we all hope will put us on a path to a new phase in our bilateral relationship.

Sincerely,
Barack Obama

(nzaushan w.p)

W.P Moses


Tuesday, December 27, 2011

Simsa Kasa Journal Vol.3 issue 1

|0 comments
Tuesday, December 27, 2011

Simsa Kasa Journal Vol. 2 issue 2 ကို ဒီနေရာ တွင် နှိပ်၍ ပြန်လည် လေ့လာဖတ်ရှုနိုင်ပါသည်...

Saturday, December 24, 2011

ဓါတ်ပုံ ကာတွန်း

|0 comments
Saturday, December 24, 2011









 W.P Majoi

Friday, December 23, 2011

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း ၁)

|0 comments
Friday, December 23, 2011

 (က)
ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ရဲ့ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုး လွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံး ကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ ခြေလှမ်း တွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင်ကို ရှင်းထုတ်ကြမယ်။


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေး ညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသက ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်း ဆက်သ ချင်သလို၊ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီးချောင်းတွေ ပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကို တော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။
ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြုမခံရတဲ့ ရဲ ဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင် ပါ ဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါလိမ့်မယ်။ လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုးကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ဘဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါ မယ်။

တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း  တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြို သိပ်ခဲ့ကြပါတယ်။
ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တွေနဲ့ လှုပ်ရှားမှုသမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေဟာ ဒီအကြောင်းအရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူ သတ်မှုမှာ ပါဝင်ပတ်သက်နေခဲ့တဲ့ သူတွေဟာ၊ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက် ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ်ခံ ပျော်မြူးခဲ့ကြတယ်။ ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင် လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကို အာရုံရွေ့သွား တဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။

(ခ)
ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက် (၉၀) ကျော် ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ (ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ် မှာ ဝင်ရောက်စွက်ဖက်လေ့ မရှိပါဘူး)၊ “ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဖူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ရော်နယ်အောင်နိုင် က အော် .. ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လားလို့ မေးနေရသေးတယ်။ ဗိုလ်မှူးတို့က ငါးယောက် ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီး ဖြေတယ်လို့ သိရပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ် အပြစ်တွန်းချထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြား တော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာ ပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။

တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ (မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါ ဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေအပါအဝင် အထောက်အပံ့ တွေ ရထားကြပါတယ်။ အဲ့ဒီ ရန်ပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင် တွေ ဖြေဆိုနိုင်ကြပါလိမ့်မယ်။

(၃)
ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို ပေးပို့လိုက်ပါတယ်။ လူ နှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။
တဦးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမနဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်)ကို လိုင်စင်လို အေးခဲတဲ့ ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ်ထားခဲ့တယ်။ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံး သွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စု တစုလုံးက မုဒိမ်း ကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။ ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့ မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲ ပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက်ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ် ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲစစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေ ရှိပါတယ်။

အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ်အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ် အသုံးပြုထားခြင်း ဖြစ်ပါ တယ်။



 (၁) ကိုထွန်းအောင်ကျော် (ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေ ကို ထင်း တုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားကာ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး ၏ လက်ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ (လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့် သာ လမ်းလျှောက်နိုင်ပြီး၊ အသတ် ခံလိုက် ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

(၂) ကိုချိုကြီး (မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေး ခံရခြင်း၊ ကိုကျော်ဝေ အား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ မျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေး သော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူး ကွ၊ ကျော်ဝေ.. ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ်လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူ ဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး (ရန်ကုန်)
သံချောင်း၊ မျိုးဝင်း၊ အောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအ ပျော့စားကပ်ပြီး၊ မိုင်းခွဲကာ ခြေဖြတ်ခံရ၊ (ထိုမိုင်းခွဲပွဲတွင်) မငယ် (နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော် လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၆) ရဲဘော် မောင်မောင်ကြွယ် (ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ မျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ မျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ် ထောက်လှမ်းရေးများ၏ (အထူးသဖြင့် မျိုးဝင်းမှ ညှဉ်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

(၇) တပ်ကြပ်ကြီး တူးတူး (မြစ်ကြီးနား)
ခေါင်းဖြတ်ခါနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုဘဲ၊ ခေါင်းဖြတ်သတ်ခံရ၊

(၈) ကိုလှမြင့် (တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

(၉) ရဲဘော် ရန်အောင် (ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက်ဖြင့် ထိုးသတ်ခံရ၊

(၁၀) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း (ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ မျိုးဝင်း အား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ် ခါနီးတွင်၊ မျိုးဝင်းမှ၊ “ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့ သည်ကို ကျနော်ကိုယ်တိုင်နားဖြင့် ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၂) ဗိုလ်သာဓု (ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ

( ၁၃) ရဲဘော်အောင်အောင် (ကသာ)
ခေါင်းဖြတ်သတ်ခံရသည်

(၁၄) ရဲဘော်အေးမြင့် (ကသာ)
ခေါင်းဖြတ်သတ်ခံရသည်

(၁၅) တပ်ကြပ်ကြီး သောင်းမြင့် (စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်

(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ

(၁၇) ပြည်စိုးနိုင် (ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ် ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အ မြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါများသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်း သေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦး နှင့်လည်း ဖောက်ပြန်နေသည်ဟု စွပ်စွဲခံခဲ့ရပါသည်။
အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ (မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ စာရင်း မကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာဘဲ အသတ်ခံရသူတွေက …
(၁) ကိုကျော်ဝေ (မန္တလေး)
(၂) ကိုစိုးဝင်းသန်း (မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ အာသံ ကုန်းတွင် သတ်ဖြတ်ခဲ့သည်။
(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊
(၄) ကိုရန်ရှင်း (ရန်ကုန်) ရက်စက်စွာ နှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်
(၅) ဦးကျော်ကျော်ဘုန်း (ခရိုင်မှူး) ရှေ့တန်းမှာ လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်။

ဒုတိယပိုင်းမှာ စစ် ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် (မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့် အ ကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့ နာမည်စာရင်းတွေ ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။

အောင်မိုးဝင်း (အမေရိကန်)

အစိုးရတပ်မများ ကချင်ပြည်နယ် ထပ်ပို့

|0 comments
Friday, December 23, 2011

မကြာမီရက်ပိုင်း အတွင်း KIO နှင့် အစိုးရတို့ နိုင်ငံရေး ဆွေးနွေးရန် စီစဉ်နေသော်လည်း နှစ်ဘက် စစ်ဖြစ် နေသည့် ကချင် ပြည်နယ် အတွင်းသို့ အစိုးရစစ်တပ်များ ထပ်ပို့နေဆဲဖြစ်ကြောင်း စစ်ဘက် အသိုင်းအဝိုင်း အဆိုအရ သိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

ယခုလ ၁၈ ရက်နေ့က နိုင်ငံရေးအဆင့် ဆွေးနွေးပွဲ စတင်ရန် KIO ထံ အစိုးရမှ ကမ်းလှမ်းစာ ပေးပို့ခဲ့ပြီး ၎င်းနေ့မတိုင်မီ ယခုလ ၁၇ ရက်နေ့က အစိုးရ တပ်မ ၄၄ လက်အောက်ခံတပ်များ မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး နောက်ထပ်တပ်မ ၆၆ ပါ ထပ်ပို့ရန် စီစဉ်နေကြောင်း တရုတ်နယ်စပ် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည် ။

“၃ လအတွင်းမှာ တပ်မ ၈၈ က ၃၅၆ ယောက်သေကြေ ဒဏ်ရာရတယ်။ သူနဲ့တပ်မ ၆၆ နဲ့လဲမယ် ၁၇ ရက်နေ့က တပ်မတော်ကာကွယ်ရး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် တပ်မ ၆၆ ရှိတဲ့ ပြည်မြို့ကို သွားတယ်။ တပ်မရုံးက တပ်တွေကို ပြင်ထားဖို့အမိန့် ပေးပြီ။ ၆၆ ကိုပြောတာက ၈၈ လို မဖြစ်စေဖို့ ဦးမကျိုးစေဖို့ ပြောတယ်” ဟု သူက ဆိုသည် ။

အစိုးရက KIO နှင့် ဆွေးနွေးရန် ကမ်းလှမ်းနေသည့်တိုင် အခြားတစ်ဘက်၌ စစ်ရေး ပြင်ဆင်မှု ပြုလုပ်နေကြောင်း သူက ဆက်ပြော သည် ။

“ဦးအောင်သောင်းကနေ နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုပြီး KIO ကို ကမ်းလှမ်းတယ်။ အဲ့လို ကမ်းလှမ်းနေပေမဲ့လို့ တစ်ဘက်က စစ်ရေး အရ ပြင်နေတယ်။ ၁၀ ရက်နေ့က ဦးသိန်းစိန်က တပ်တွေကို အမိန့်ပေးပြီး ရပ်ခိုင်းတယ်လို့ ပြောတယ်။ အခုက တပ်မတွေ ထပ်တင်လာ တယ် ” ဟု ဆိုသည် ။

ယခုအခါ KIA ကို ထိုးစစ်ဆင်ရန် ကချင်ပြည်နယ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) သို့ ရောက်ရှိနေသည့် အစိုးရတပ်မ (၇) ခုခန့် ရှိပြီး တပ်ရင်းပေါင်း ၁၂၀ ကျော်ရှိကြောင်း သိရသည်။

ကမ္ဘာ့ဈေး အကြီးဆုံး လေးဘီးတပ် ဆိုင်ကယ် စတင်ရောင်းချ

|0 comments
Friday, December 23, 2011

ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးဟု ဆိုနိုင်မည့် ဈေးနှုန်းတစ်ခုဖြင့် သတ်မှတ်ထားသော မော်တော်ဆိုင်ကယ် တစ်စီးကို စတင်ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။




ပြင်သစ်ကုမ္ပဏီ တစ်ခုဖြစ်သော Lazareth မှာ Wazuma V8  ဟု အမည်ရသော လေးဘီးတပ် မော်တော်ဆိုင်ကယ် တစ်စီးကို စတင်ရောင်းချတော့မည်ဟု ကြေငြာခဲ့ကာ တစ်နာရီလျင်မိုင်  ၁၅၀ အထိ မောင်းနှင်နိုင်ရန် ပြုလုပ်ထားကြောင်းလည်း သိရသည်။ အဆိုပါ ဆိုင်ကယ်ကို ကမ္ဘာပ်ါရှိ ဇိမ်ခံပစ္စည်းများ ကြော်ငြာ ရောင်းချသည့် JamesList ဝက်ဆိုက်တွင် တင်ထားပြီး အခွန်မပါ ယူရို ငွေ နှစ်သိန်း ဖြင့် ရောင်းချရန် ဈေးကမ်း လှမ်းထားသည်။

အဆိုပါကားမှာ Ferrari အင်ဂျင်ကို အသုံးပြုထားပြီး BMW မှပြုလုပ်သည့် ဂီယာခြောက်ခုထိုး ဂီယာလည်း တပ်ဆင်ထားကြောင်း သိရသည်။ ယခုဆိုင်ကယ်ကို မြင်းကောင်ရေ ၂၅၀ အားရှိသည့် အင်ဂျင်ဖြင့် စတင် မောင်းနှင်နိုင်မည်ဖြစ်ကာ ဆိုင်ကယ်အလေးချိန်မှာလည်း ၆၅၀ ကီလို ဂရမ်သာရှိကြောင်း သိရသည်။

အလားတူပင် ယခု ဆိုင်ကယ်တွင် သုံးထားသည့် ဆိုင်းထိန်း စနစ်မှာလည်း အလွန်ကောင်းမွန်ပြီး မြေပြင်ညီပုံစံ ရှော့ဘားလေးခု ပါဝင်ကာ အာရုံခံ စနစ်များလည်း တပ်ဆင်ထားကြောင်း သိရသည်။ သို့ရာတွင် ယင်းမော်တော် ဆိုင်ကယ်မှာ ဗြိတိန်တွင် မောင်းနှင်ခွင့်ရမည် မဟုတ်ဘဲ ကိုယ်ပိုင်လမ်း ရှိမှသာ မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

W.P.Moses ဇော်ရှန် (wunpawng )

ဗန်းမော်၊ မိုးမောက်၊ ရွှေကူ သမိုင်းဖြစ်စဉ်

|0 comments
Friday, December 23, 2011

ဗန်းမော်မြို့နယ် သမိုင်းဖြစ်စဉ်

“ဗန်းမော်” ဟူသော ဝေါဟာရသည် ရှမ်းဘာသာစကား “မန်းမော်” မှ ဆင်းသက်လာသော စကားဖြစ်သည်။ မန် = ရွာ၊ မော် =  အိုး ဟုအဓိပ္ပာယ်ရသဖြင့် “အိုးလုပ်သောရွာ” ဟု ခေါ်ဆိုနိုင်သည်။
စမ္ပာနဂိုလ်မင်းဆက်ပျက်ပြီး သက္ကရာဇ် (၄၀၀) ကျော်တွင် စော်ဘွားသိုဟန်ဘွားသည် ရှေးမင်းမြတ်တို့၏ မြို့နေရာတွင် မနေ၀ံ့၍ မြို့ဆင်ခြေဖုံးဖြစ်သော ဗန်းမော်သို့ ပြောင်းရွှေ့လာခဲ့ပြီး မြို့ပြတည်ထောင်၍ အုပ်စိုးသည်။ မိုးမိတ်သမိုင်းအရ ခရစ်နှစ် (၆၈၉) ခုနှစ်တွင် စော်ဘွား စစ်ပုတ်ဖထံ လာရောက်ပြီး စော်ဘွားဆက်တောင်းခံသည်။ မိုးမိတ်စော်ဘွားက တူတော်ကြီး ခမ်းရွက်ဖအား ဗန်းမော်စော်ဘွားအဖြစ် အုပ်ချုပ်ရန် စေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဗန်းမော်မြို့တွင် စော်ဘွား (၂၃) ဆက် နှစ်ပေါင်း (၃၅၀) အုပ်စိုးခဲ့သည်။




မိုးမောက်မြို့နယ် ဖြစ်စဉ် (၁)

ဗန်းမော်ဒေသတွင် စမ္ပာနဂိုရ်မင်း တိုင်းပြည်အုပ်စိုးစဉ်က သားတော်ကြီး စိတ္တရာဇာနှင့် သားတော်ငယ် ဂုတ္တရာဇာတို့ ထွန်းကားခဲ့ကာ ခမည်းတော် နတ်ရွာစံပြီးနောက် နောင်တော် စိတ္တရာဇာက ထီးနန်းကိုဆက်ခံခဲ့သည်။ ညီတော် ဂုတ္တရာဇာက တစ်ထီးတစ်နန်း တည်ထောင်ရန် ယခု မိုးမောက်တောင်ဘက် (၂) မိုင်ခန့်နေရာတွင်  မြို့တည်ခဲ့ပြီး စမ္ပာနဂိုရ်ပြည်ကို တိုက်ခိုက်နိုင်ရန် လူသူလက်နက် စုဆောင်းပြီး ပြည့်စုံသောအခါမှ ယခု မိုးမောက်တည်ရာ ကုန်းမြင့်ရွာမှ ဆက်သားစေလွှတ်၍ စစ်ယှဉ်ပြိုင်ရန် နောင်တော် စိတ္တရာဇာထံ အကြောင်းကြားခဲ့သဖြင့် ဆက်သားနေထိုင်သည့် ယခု မိုးမောက်မြို့အား ရှမ်းဘာသာစကားဖြင့် (မန်မောက်ရွာ) မြန်မာဘာသာဖြင့် (သတင်းပို့သည့်ရွာ) ဟု ခေါ်ဝေါ်ခဲ့သည်။

မိုးမောက်မြို့နယ် ဖြစ်စဉ် (၂)

(၁၇၆၅) ခုနှစ်တွင် ဆင်ဖြူရှင်မင်းလက်ထက် ဗန်းမော်မြို့ဝန်သည် ဗန်းမော်သို့ ကုန်စည်ကူးသန်းရောင်းဝယ်ရန်လာသည့် တရုတ်ကုန်သည်များအား ဗန်းမော်သို့ တိုက်ရိုက်ဝင်ခွင့်မပြုဘဲ ယခုမိုးမောက်တည်ရှိရာ ရွာငယ်၊ ရှမ်းဘာသာဖြင့် “ပန်းကော်စခန်း”၊ မြန်မာဘာသာဖြင့် (သစ်အယ်ပင်စခန်း) မှ တစ်ထောက်ရပ်နား သတင်းပို့စေခြင်းကြောင့် “သတင်းပို့သည့်ရွာ” ကို ရှမ်းဘာသာဖြင့် “ဗန်းမောက်ရွာ” ဟုခေါ်ဝေါ်ခဲ့ကြောင်း ရွာ၏အရှေ့ဘက်တွင် ချောင်းတစ်ခုစီးဆင်းပြီး ရွာသားများ လယ်ယာစိုက်ခင်းများ လုပ်ကိုင်ကြရာတွင် ယင်းချောင်းမှရေကို ၀ါးရေတံလျှောက်ဖြင့် သွယ်ယူအသုံးပြုခဲ့သဖြင့် ၀ါးရေတံလျှောက်ကို အစွဲပြု၍ ရှမ်းဘာသာဖြင့် “နန့်မောက်ချောင်း” ဟု ခေါ်ဝေါ်ခဲ့သည်။

နယ်ချဲ့အင်္ဂလိပ်တို့အား တွန်းလှန်စစ်ဆင်နွှဲရာတွင် ရွှေဘိုဒေသမှ ဗမာတိုင်းရင်းသားတို့သည် နယ်ချဲ့ကို တွန်းလှန်ရှောင်တိမ်းရင်း “မန့်မိန်းမောက်ရွာ” သို့ ရောက်ရှိ နေထိုင်ခဲ့ကြောင်း၊ ဗမာတို့က ရှမ်းဘာသာ “မန့်မိန်းမောက်” ကို ဗမာသံဖြင့် “မိုးမောက်” ဟု ခေါ်ဆိုကြရာမှ ယနေ့တိုင် “မိုးမောက်” ဟု ခေါ်ဝေါ်ခဲ့ကြကြောင်း သိရှိရပါသည်။

မိုးမောက်မြို့နယ် ဖြစ်စဉ် (၃)

မိုးမောက်သည် ယခင်က ဗန်းမော်ခရိုင် ဗန်းမော်မြို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ စိန်လုံကျေးရွာကို (၁၉၀၃) ခုနှစ်တွင် တောင်တန်းမြို့အဖြစ် သတ်မှတ်၍ (၂၄-၆-၁၉၄၇) ခုနှစ်အထိ အင်္ဂလိပ်တောင်တန်းဝန်ထောက် (၅)ဦးအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းနောက်ပိုင်း (၃၀-၉-၁၉၆၅) နေ့ထိ တိုင်းရင်းသားတောင်တန်းဝန်ထောက် (၁၃) ဦးဖြင့် စိန်လုံတောင်တန်းမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ (၂-၃-၁၉၆၂) နေ့မှစ၍ တော်လှန်ရေးကောင်စီ ပေါ်ပေါက်ခဲ့ရာ စိန်လုံမြို့အား တောင်တန်းမြို့အဖြစ် ဆက်လက်တည်ရှိစေရန် ရည်ရွယ်ခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း နယ်မြေမအေးချမ်းခြင်း၊ လူဦးရေနည်းပါးခြင်း၊ စီးပွားရေးအချက်အချာ မကျခြင်းတို့ကြောင့် (၁-၁၀-၁၉၆၅) နေ့တွင်  စိန်လုံတောင်တန်း ၀န်ထောက်ရုံးအား မိုးကောင်းမြို့သို့ ပြောင်းရွှေ့၍ ရုံးဖွင့်လှစ်ခဲ့ပါသည်။

ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၂၇-၇-၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၅၃) ဖြင့် မိုးမောက်ရွာအား မိုးမောက်မြို့နယ်ခွဲ၊ စိန်လုံမြို့နယ်ခွဲ၊ မြို့သစ်မြို့နယ်ခွဲ နှင့် ဒေါဖုန်းယန်မြို့နယ်ခွဲများ အဖြစ် ဖွဲ့စည်းပေးခဲ့ပါသည်။

မိုးမောက်မြို့နယ်မှ ပင်လုံညီလာခံ ကိုယ်စားလှယ်များ ဒူဝါဇော်လောန် (ပန်ဟုတ်ရွာဇာတိ) ပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးခဲ့သူ ဒူဝါဇော်လ (လော့ဒန်ရွာဇာတိ) နှင့် ပင်လုံညီလာခံ တက်ရောက်ခဲ့သူ ဆရာကြီး ဦးမရန်လ (စိန်လုံးဇာတိ) တို့ ပါဝင်ခဲ့ကြပါသည်။

ဗိုလ်မှူးချုပ် လဇွန်တန်ဂျီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင် ဦးလဇွန်ထန်၊ ယခင် စစ်တက္ကသိုလ် ကျောင်းအုပ်ဟောင်း နိုင်ငံတော် ကောင်စီဝင်ဟောင်း အငြိမ်းစား ဗိုလ်မှူးကြီး ဦးလဖိုင်ခွန်နော်၊ ကချင်ပြည်နယ် ဒေသပါတီကော်မတီ ဥက္ကဌ ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန်၊ ကချင်ပြည်နယ်ဝန်ကြီးဟောင်း ဒူဝါလ၀မ်လီ၊ ဗိုလ်ကြီး လဗျလ၊ အငြိမ်းစား သန်းခေါင်စာရင်း မင်းကြီး ဦးရှမ်းလွမ်း၊ ကချင်ပြည်နယ်ဒေသပါတီ ကော်မတီအတွင်းရေးမှူး ဦးလအုန်းယော်၊ ဆရာကြီး ဦးကရိန်တန် တို့မှာ ထင်ရှားသော မိုးမောက်မြို့နယ်သားများ ဖြစ်ကြပါသည်။

ရွှေကူမြို့နယ် ဖြစ်စဉ်သမိုင်း

ရွှေကူမြို့သည် သမိုင်းတွင်ထင်ရှားခဲ့သော မြို့တစ်မြို့ဖြစ်သည်။ ပုဂံခေတ်တွင် အနော်ရထာမင်းကြီးသည် ပုဂံနိုင်ငံတော် ကမ္ပဒီပတိုင်းနှင့် ကမ္ဘောဇတိုင်းကို သီးခြားဖြစ်စေရန် ကင်းမြို့ (၄၃) မြို့ကို တည်ထားခဲ့ရာ ရွှေကူသည် ကင်းမြို့တစ်မြို့အဖြစ် ထင်ရှားခဲ့သည်။
တန်ခိုးကြီး ရွှေပေါ်ကျွန်းဘုရားကို အကြောင်းပြု၍လည်းကောင်း၊ မွန်ဂိုကျူးကျော်မှု၊ မန်ချူးကျူးကျော်မှု၊ တွန်းလှန်တိုက်ပွဲတို့ကို ချီတက်ရာတွင် ရွှေကူမြို့သည် အထောက်အကူစခန်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။ ရွှေကူမြို့နေရာသည် လူနေဒေသအဖြစ် စတင်ဖြစ်ပေါ်လာသည်မှာ ဘီစီ (၂၆၀) ခုနှစ်တွင်ဖြစ်ကြောင်း အထောက်အထားများ၌ တွေ့ရှိရသည်။

ရွှေကူမြို့ဟုခေါ်ဆိုရခြင်းမှာ မော်လမြိုင်တောရပ်မှဂူ၊ မန်ပိန်းဂူ လွင်ပြင်မှဂူ၊ တောပုန်းရွာ ဂူကုန်းကြီးမှ ဂူ ဟူသော ဂူသုံးဂူတို့ကိုအကြောင်းပြု၍ ရွှေဂူဟု ခေါ်ဆိုခဲ့ကြောင်းကို မန်လည်ဆရာတော်ဘုရား ရေးသားတော်မူခဲ့သော ၀ါဆိုသိမ်ကျောင်းအဆိုအရ သိရှိရသည်။

ရွှေကူမြို့သည် ယခင်အခါက မိုးမိတ်၊ မိုးကောင်း၊ ဗန်းမော်၊ သုံးပြည်ထောင်နယ်စပ်တွင်ဖြစ်ပြီး ချောက်တို့ကိုဖို့၍ ခံတပ်မြို့ တည်ဆောက်ခဲ့သည်။ ခံတပ်ကိုရုပ်သိမ်းသွားသောအခါ ရှမ်းတို့က “မိန်ကူ” ဟူ၍လည်းကောင်း၊ “ဝှေကူ” ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ရှမ်းဘာသာတွင် “ဝှေ” ၏ အဓိပ္ပာယ်မှာ “ချောက်” ဖြစ်ပြီး၊ “ကူ” = ရုပ်သိမ်းခြင်းဟု အဓိပ္ပာယ်ရသဖြင့် “ချော်ကိုဖို့၍ ခံတပ်ရုပ်သိမ်းရာနေရာ” ဟု ဆိုလိုသည်။ “ဝှေကူ” ဟူသော ရှမ်းစကားမှ ရွှေကူဟု ပြောင်းလဲခေါ်ဝေါ် လာကြသည်ဟု လည်းကောင်း၊ ရွှေပေါ်ကျွန်းဘုရားသမိုင်းတွင် ဖော်ပြထားသည်။
မြို့တည်စဉ်က ငွေကြေးမလုံလောက်မှုကြောင့် နယ်ရှင်စော်ဘွားတို့က မြန်မာမင်းအား ရွှေအခွန်တော် ဆက်သွယ်ကူညီရသောကြောင့် ရွှေကူဟု ခေါ်တွင် လာသည်ဟူ၍လည်းကောင်း၊ ရွှေကူမြို့အထက် ရွှေပေါ်ကျွန်းမှ အရောင်အဆင်းတောက်ပပြီး အုန်းသီးလုံးအရွယ်ပမာဏရှိသော ရွှေလုံးကြီးတစ်လုံးသည် ဧရာဝတီမြစ်ကို ဖြတ်ကျော်လျက် ရွှေကူမြို့ တည့်တည့်ဘက်သို့ မကြာခဏကူးတတ်လာသည်ကို အကြောင်းပြု၍ “ရွှေကူမြို့” ဟူ၍ ဖြစ်ပေါ်လာသည်ဟူ၍လည်းကောင်း မှတ်တမ်း၌ တွေ့ရှိရသည်။

ပုဂံခေတ် အနော်ရထာမင်းလက်ထက် မြန်မာသက္ကရာဇ် (၃၉၇) ခုနှစ် တပေါင်းလဆန်း (၁၂) ရက်နေ့တွင် ကင်းတပ်မြို့ (၄၃)မြို့ကို တည်ဆောက်ခဲ့ရာ ရွှေကူမြို့လည်း ကင်းတပ်အဖြစ်ပါဝင်ခဲ့သည်။ မြန်မာသက္ကရာဇ် (၁၁၁၅) ခုနှစ်တွင် နန္ဒပေါ်ထင်ဘွဲ့ခံ စက္ကဗလအမည်ရ ငမန်ထွေးသည် ရွှေကူမြို့ကို အလောင်းမင်းတရားကြီးထံမှ ခြားနားခဲ့သည်။ (၁၁၄၃) ခုနှစ် ပဒုံမင်းလက်ထက် သားတော် မင်းရဲကျော်စွာအား ရွှေကူမြို့ကို အပိုင်စားစေခဲ့သည်။

(၁၈၈၅)ခုနှစ် ဒီဇင်ဘာလတွင်  ရွှေကူမြို့သို့ ဗြိတိသျှတပ်များ ၀င်ရောက်ခဲ့ကြသည်။ (၁၈၈၇)ခုနှစ်တွင် ရွှေကူမြို့ကို ခရိုင်ခွဲသတ်မှတ်ပြီး အုပ်ချုပ်ခဲ့ရာ ပထမဆုံး ခရိုင်ခွဲဝန်ထောက်အဖြစ် အုပ်ချုပ်ခဲ့သူမှာ မစ္စတာဘလိုနေ ဖြစ်သည်။

(မှတ်ချက်။ ။ ဒေါ်ခင်သိန်း၊ ပါမောက္ခ၊ မြန်မာစာဌာန၊ မြစ်ကြီးနားတက္ကသိုလ်မှ ဦးစီးပြုစုသည်။)

 မြစ်ကြီးနားအွန်လိုင်းမှဖော်ပြသည် ။