Tuesday, November 29, 2011

မြစ်ကြီးနားမြို့ ဗုံး ပြန်ပေါက်ပြီး အနည်း ဆုံး (၂) ဦး သေ..

|0 comments
 Tuesday, November 29, 2011


 နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ် ၀န်းကျင်တွင် မြစ်ကြီးနားမြို့ပေါ်တွင် မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြာင်း သိရသည်။ မိုင်းကွဲသည့် အသံဟာ နိုဝင်ဘာလ ၁၃ ရက်နေ့က မြစ်ကြီးနား သီတာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်ထက် ပိုမိုကျယ်လောင်ကြောင်း ဒေသခံများက ဆိုသည်။ မနောကွင်းရှေ့ရှိ နတ်ကွန်း ရှိသည့် နေရာတွင် ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး နှစ်ဦး ကွယ်လွန်သွားကြောင်း သိရသည်။ ကွယ်လွန်သူ တဦးမှာ ကျား/မ မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားရန်ပင် ခက်ပြီး ကျန်တဦးမှာ အသက် ၃ နှစ် အရွယ် ကလေးငယ် တဦး ဖြစ်ကြောင်း သိရသည်။

ဘယ်အဖွဲ့အစည်းမှ လုပ်ဆောင်နေတယ်ဆိုတာကိုတော့ တိတိကျကျ မသိရှိပေမယ့် ပြည်သူများဟာ သိန်းစိန်အစိုးရနှင့် အပေါင်းအပါတွေဖြစ်တယ်လို့ ယသိပြတ် ယုံကြည်နေကြပြီး စိုးရိမ်စိတ်လည်း တနေ့ထက်တနေ့ ပိုမိုများလာကြောင်း သိရှိရပါတယ်။

W.P Moses

ကချင် နယ်မြေမှာ ရွာတဲ့ အဝါရောင် ခေါ် (အဆိပ်၊ အက်စစ်) မိုး ဓါတ်ပုံ - Yellow rain or Acid rain

|0 comments
Tuesday, November 29, 2011


တရုတ်မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးချဲ့မည် – China, Burma to enhance military ties

|0 comments


Tuesday, November 29, 2011

ပီကင်းတွင် ယနေ့ တွေ့ရသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် တရုတ်ဒုသမ္မတ (ဓာတ်ပုံ – Xinhua/Li Tao)

မြန်မာနိုင်ငံနှင့် စစ်ရေး ဆက်နွယ်ပူးပေါင်းမှု တိုးမြှင့်ဖွယ်ရှိသည်ဟု တရုတ် ထိပ်တန်း စစ်အရာရှိတဦးက ယနေ့ ပြောလိုက်သည်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံအပြီးတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ချန်ဘင်ဒီးက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
နှစ်နိုင်ငံ ဆက်ဆံရေးသည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကြောင့် တိုးတက်လာသည်ဟု စစ်ဦးစီးချုပ် ချန်ဘင်ဒီးက ပြောသည်။

တပ်မတော် ၂ ခုသည် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ မကြာသေးခင် နှစ်များအတွင်း တိုးချဲ့ခဲ့ကြောင်း၊ ထိုအထဲတွင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ လည်ပတ်ခြင်း၊ သင်တန်းများ ပြုလုပ်ခြင်း၊ နယ်စပ်လုံခြုံရေး နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ ပါဝင်ကြောင်း ပြောသည်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်တာကြောင့် တရုတ် မြန်မာ ၂ နိုင်ငံစလုံးက တည်ငြိမ် ငြိမ်းချမ်းတဲ့ အနေအထား လိုအပ်ပါတယ်” ဟု သူက ဆက်ပြောသည်။

သူက ပိုမို နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှုတို့ကို နှစ်ဘက်စစ်တပ်များ တည်ဆောက်ရန်လည်း ကမ်းလှမ်း အဆိုပြုလိုက်သည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်တနိုင်ငံတည်း ဟူသော မူဝါဒကို ဆက်လက် ကိုင်စွဲမည်ဟု ပြောလိုက်သည်။ မြန်မာ့တပ်မတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံ၏ အထောက်အပံ့ပေးအပ်ခြင်းကို ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဗျူဟာမြောက်မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်လိုကြောင်း ပြောဆိုလိုက်သည်။

Xinhua သတင်းဌာန
နိုဝင်ဘာ ၂၈၊ ၂၀၁၁

တိုက်ပွဲပိုမို ပြင်းထန်လာနိုင်၊ ကချင်စစ်ပြေးဒုက္ခသည်များ ဒုက္ခပေါင်းစုံ ခံစားနေရ

|0 comments
Tuesday, November 29, 2011
Kachin Internally Displace Persons (IDPs)

သိန်းစိန်အစိုးရဟာ ဒီရက်ပိုင်းအတွင်း ကေအိုင်အေရှေ့တန်းနယ်မြေများတွင် ရဟတ်ယာဉ်များ အသုံးပြုနေပါတယ်။ ကေအိုင်အေက ဒီအတောအတွင်း စစ်ပွဲ ပိုမို ပြင်းထန်လာမှာ ဖြစ်လို့ နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး ကေအိုင်အေ ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန် တဝိုက်ရှိ စာသင်ကျောင်း (၁၀) ကျော်ကိုလည်း ပိတ်ခိုင်းလိုက်ပြီ ဖြစ်ပါတယ်။ မိုင်ဂျာယာန်ဟာ ကေအိုင်အေ တပ်မဟာ (၃) နယ်မြေဖြစ်ရာ ဒီအတောအတွင်းမှာ သိန်းစိန်တပ် တပ်မ (၈၈) နှင့် ကေအိုင်အေ တပ်မဟာ (၃) များမှ တပ်ရင်းများ လှုပ်ရှားနေကြပါတယ်။

ကေအိုင်အေနှင့် သိန်းစိန်အစိုးရတပ် လွန်ခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကနေပြီး ငြိမ်းချမ်းရေး ပျက်ပြားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ၆ လ နီးပါးရှိလာပြီဖြစ်ရာ စစ်ပြေးဒုက္ခသည်များလည်း ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေများနှင့် တရုတ်နယ်စပ် တလျှောက်တွင် ထွက်ပြေး ခိုလုံနေကြရာ သုံးသောင်းကျော် ရှိနေပြီဟု ဒုက္ခသည် ကူညီရေးများရဲ့ ဖေါ်ပြချက်အရ သိရှိရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူငယ် အဖွဲ့အစည်းများရဲ့ ခန့်မှန်းပြေဆိုချက်အရ တောတောင်တွေနှင့် တခြားနေရာ (ဒုက္ခသည်စခန်းမဟုန်) များ အပါအဝင်ဆိုရင် စစ်ပြေးဒုက္ခသည် ငါးသောင်း ဝန်းကျင်ရှိနေပြီဟု သိရပါတယ်။


ကချင် စစ်ပြေးဒုက္ခသည် စခန်း

ဆဒုံး-ကန်ပိုင်တီဘက်ရှိကချင် စစ်ပြေးဒုက္ခသည်များမှာ ယခုချိန်တွင် ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံစားနေရပါတယ်။ “အခုဒီမှာတော့ အရမ်းအေးတယ် မနက်ဆိုရင် နှင်း တွေက တစ်ထွာကျော်ကျော် နှင်း ကျတယ်.. ကျနော်တို့ အားလုံးဟာ အဝတ်အစားများ၊ စောင်များ မရှိပါဘူး.. မီးမွေးပြီးမှ အအေးဒဏ်ကို ကာကွယ်နေကြပါတယ်.. ဒီဘက်မှာ နေထိုင်ဖူးတဲ့ သူတွေကတော့ သိမှာပါ.. ဆောင်းရာသီဆိုရင် တောင်တွေ အားလုံးဟာ ရေခဲတောင်ဖြစ်သွားပါတယ်.. နွေဦးရောက်မှ အဲ့ဒီ ရေခဲတွေပျော်သွားတယ်.. ရေခဲပျော်သွားတော့ သစ်ပင်တွေဆိုရင် အဝါရောင်ဖြစ်သွားတယ်.. မိုးရာသီရောက်မှ ပြန်လည်စိမ်းလန်းလာတယ်.. အခုချိန်မှာ ချမ်းတာတော့ မပြောနဲ့တော့ .. ” ဟု စစ်ပြေးဒုက္ခသည် တစ်ဦးမှ ပြောကြားလာပါတယ်။


ကချင်စစ်ပြေး ဒုက္ခသည်များအတွက် စားဝတ်နေရေး၊ ဆေးဝါး၊ အဝတ်အစားများ၊ စောင်များ၊ စသည်စသည် များစွာလိုအပ်လျက်ရှိနေကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများ ၊ ပြည်သူလူထုများရဲ့ ခံစားချက်၊ အမြင်များ၊ ဓါတ်ပုံ၊ ဗွီဒီယိုများ mungkanbrang@gmail.com  နှင့် wunpawngnews@gmail.com သို့ အမြန်ဆုံး ၂၄ နာရီ ပေးပို့နိုင်ပါသည်..


W.P Moses

K.I.A နှင့် သိန်းစိန် အစိုးရ တရုတ်နိုင်ငံမှာတွေ့

|0 comments
Tuesday, November 29, 2011


ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ K.I.O/K.I.A နှင့် သိန်းစိန်အစိုးရ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့စုံ မှာဖြစ်တယ်။ ဘာတွေဆွေးနွေးတယ်ဆိုတာကို ဆက်လက်တင်ပြသွားပါမယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၉၊ ၂၀ မှာလည်း ထိုင်းနိုင်ငံ တနေရာမှာ အပေါ်ယံ တွေ့စုံခဲ့ပြီး ဖြစ်ပါတယ်။


သိန်းစိန် အစိုးရဟာ ဆွေးနွေးမှု ပြုလုပ်နေပေမယ့် ကချင်နယ်မြေနှင့် ရှမ်းပြည်နယ် ကေအိုင်အေ ထိန်းချုပ်ရာ နယ်မြေများတွေ စစ်တပ်အင်အား ပိုမို တိုးချဲ့လျက်ရှိကြောင်း ကေအိုင်အေ အရာရှိများမှ ပြောပါတယ်။


သတင်းဓါတ်ပုံများ ၊ ပြည်သူလူထုများရဲ့ ခံစားချက်၊ အမြင်များ၊ ဓါတ်ပုံ၊ ဗွီဒီယိုများ mungkanbrang@gmail.com  နှင့် wunpawngnews@gmail.com သို့ အမြန်ဆုံး ၂၄ နာရီ ပေးပို့နိုင်ပါသည်..


W.P Moses

Thousands of Kachin Villagers Displaced in Kachin State

|0 comments
Tuesday, November 29, 2011

Monday, November 28, 2011

စားစရာမရှိ ဝယ်စရာရှိတဲ့ ... အဆင်းရဲဆုံး တိုင်းပြည်မှ အရှေ့တောင် အာရှရဲ့ အင်အား အကြီးမားဆုံး မြန်မာ့လေတပ်...

|0 comments
Monday, November 28, 2011

နိုဝင်ဘာလ ၉ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရပ်နားထားတဲ့ ရုရှားနိုင်ငံမှ An-124-100
(ဓာတ်ပုံ ဒီမိုဝေယံ)

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉)ရက်နေ့က ရုရှားသတင်း ဝက်ဘ်ဆိုက်များမှာ မြန်မာနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ သန်း ၅၇၀ တန်ဘိုးရှိတဲ့ MIG 29 တိုက်လေယာဉ် အစီး (၂၀) အား မြန်မာနိုင်ငံသို့ လာမည့် ၂၀၁၂ ခုနှစ်မှာ ပို့ဆောင် ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် အဆိုပါနေ့များက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Antonov An-124-100/ 224 လေယာဉ်သို့ ဆိုက်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင် သွားပါတယ်..။


မည်သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ဆောင် လာတယ်ဆိုတာ မသိရပေမယ့်.. ညဘက်မှာ လုံခြုံရေး တင်းကြပ်စွာနဲ့ ကြီးမားတဲ့ ကုန်တင် ထရပ်ကားကြီးတွေနဲ့ သယ်ဆောင် သွားတယ်လို့ ဆိုပါတယ်...။ (အဆိုပါ ကမ္ဘာ့ အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်တဲ့ An-124-100 လေယာဉ်များဟာ အရှည် ၂၂၆ ပေရှိကာ အလေးချိန်ပေါင် (508,000 lb) အထိ သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းချိန်မှာ အရှည် ၅၇ ပေရှိပြီး ပေါင် (24,250 lb) သာရှိတဲ့ MiG-29 ၃ စင်းအထိ သယ်ဆောင် ပျံသန်းနိုင်ပါတယ်..) အောက်မှာ An-124-100လေယာဉ် သယ်ဆောင် ပျံသန်းမယ့် ရေငုပ်သဘောင်္တစီး၊ ယူအေအီးနိုင်ငံသို့ ပို့ဆောင်မယ့် Air Bus A-380 ရဲ့အလယ်ကိုယ်ထည်နဲ့ Mig-29 လေယာဉ်တို့ရဲ့ ပုံကိုယှဉ်ကြည့်နိုင်ပါတယ်..။





အထက်ပါ ဓာတ်ပုံများကို ကြည့်ရင် မြန်မာပြည်ကို ရောက်ရှိလာတဲ့ An-124-100 ရုရှားလေယာဉ် မည်မျှကြီးမားကြောင်း ခန့်မှန်းနိုင်ပါတယ်...
ရုရှားနိုင်ငံဟာ ၂၀၀၉ ခုနှစ်ကစပြီး မြန်မာပြည်ရဲ့ တိုက်လေယာဉ် ဈေးကွက်ကို ရရှိထားတဲ့ ပြိုင်ဘက် တရုတ်ကို ရိုက်ချိုးပြီး ယခင်တရုတ်ထံမှ ဝယ်ယူထားတဲ့ J 10 နဲ့ FC 1 တိုက်လေယာဉ်တွေအစား MIG 29 ဈေးကွက်ကို ရယူခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ် အောက်တိုဘာလကတည်းက ရုရှား MIG 29 မြန်မာလေတပ်အတွက်  အဆင့်မြင့်တင်ပေးဖို့နဲ့ ပြုပြင်ထိန်းသိမ်းရေး ကိုယ်စားပြုတဲ့ ရုံးခန်းတွေက မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှာ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါတယ်..။

အပေါ်ကတော့ မြန်မာ့လေတပ်ရဲ့ ဧရာဝတီသိမ်းငှက် တရုတ်လုပ် F-7 နဲ့ Q-5 တို့ဖြစ်ပြီး အောက်ပုံကတော့ ရုရှားလုပ် MiG-29 ဖြစ်ပါတယ်..

ရုရှားဟာ မြန်မာလေတပ်အတွက် ဒေါ်လာ ၇၁ သန်း တန်ဘိုးရှိတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနဲ့ ၂၀၀၉ ခုနှစ်က ဒေါ်လာ သန်း၁၃၀တန်ဘိုးရှိတဲ့ Mig 29 တိုက်လေယာဉ် ၁၂ စီးနဲ့ တိုက်ခိုက်ရေး၊ အမောင်းသင် ၂ မျိုးသုံးလို့ရတဲ့ တိုက်လေယာဉ် ၂စင်းကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်.။ ဒါအပြင်ရုရှားမှ စစ်တပ်သုံး အမြောက်ကြီးများ၊ ရေဒါ၊ တင့်ကားများ၊ လေကြောင်း ကာကွယ်ရေးစံနစ်နဲ့ တခြားစစ်တပ်ဆိုင်ရာ ပစ္စည်းများအား မြန်မာစစ်တပ်အတွက် ထောက်ပံ့ပေးခဲ့ပါတယ်..။


မြန်မာစစ်တပ်ရဲ့ ယူကရိန်းလုပ် MT-LBMSH တင့်ကား..

အတွင်းပိုင်း မြင်ကွင်း
ယူကရိန်းလုပ် မြန်မာစစ်တပ်မှာ အသုံးပြုမယ့် MT-LBMSH တင့်ကားများရဲ့ တိုက်ခိုက်ရေး စွမ်းရည် ရုပ်သံ... (ပြည်ပရန်ကာကွယ်ဖို့သာ အသုံးပြုသင့်ပါတယ်..)


ထို့အတူ ယူကရိန်းနိုင်ငံမှလည်း ၂၀၀၇ ခုနှစ်က အဆင့်မြှင့်တင် မွန်းမံထားတဲ့ MT-LBMSH တင့်ကား ၁၀စီးနဲ့ ၂၀၀၉ ခုနှစ်မှာတော့ ၁၆ စီးပေးပို့ခဲ့ပါတယ်..။

မြန်မာလေတပ်မှ K-8 အမောင်းသင်လေယာဉ် အစီး (၅၀) ဝယ်ယူတဲ့ တရုတ်သတင်း ရုပ်သံ

 နောက်ဆုံး အနေနဲ့ တင်ပြလိုတာကတော့ တရုတ်နိုင်ငံရဲ့ မြန်မာ့လေတပ်အပေါ် သုံးသပ်ချက် သတင်းတပုဒ်ပါ..။ ၂၀၁၀ ခုနှစ်က တရုတ်နိုင်ငံက ဝယ်ယူခဲ့တဲ့ အမျိုးသမီးတွေပါ အမောင်းသင်လို့ရတဲ့ K-8 အမောင်းသင်လေယာဉ် အစီး ၅၀ ကျော် ဝယ်ယူတဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ လေတပ် အင်အားအကြီးဆုံး နိုင်ငံဖြစ်လာပြီလို့ ဆိုပါတယ်..။


တရုတ်က သုံးသပ် လေ့လာထားတဲ့ မြန်မာ့လေတပ်ရဲ့ တိုက်လေယာဉ် စာရင်းကတော့ အစီး ၅၀ကျော်တဲ့ F-7IIK fighter aircraft ၊ အစီးရေ ၃၀ ရှိလာတော့မယ့် ရုရှားလုပ် MiG-29 fighter aircraft ၊ အစီးရေ ၃၀ ကျော်တဲ့ Q-5 attack aircraft နဲ့ စီးရေ ၆၀ခန့်ရှိတဲ့ K-8 trainer aircraft တို့ဖြစ်ပြီး အရှေ့တောင် အာရှရဲ့ အင်အားအကြီးဆုံး လေတပ်ကို ပိုင်ဆိုင်ထားကြောင်း ရေးသားထားတာကို တင်ပြလိုက်ရပါတယ်...။
တရုတ်သတင်း..

(http://news.ifeng.com/mil/jsdg/detail_2011_05/18/6467710_9.shtml)

စာဖတ်သူများ နှိုင်းယှဉ် သုံးသပ်နိုင်ရန်အတွက်

သမ္မတ ဦးသိန်းစိန်ရဲ့သား

ရုရှား ၊ တရုတ် ၊ india မှ လူထုကိုသတ်ဖို့ ဝယ်ထားသည့်  လက်နက်ကြီး

စစ်ပြေး

ဗမာ စစ်သားများမှ ကချင် အမျိုးသမီးများကို မဒိန်းကျင့် သတ်ဖြတ်

ကချင်နယ်မြေမှ မိဘမဲ့ ကလေး သူငယ်များ

 
လမ်းပေါ်မှ စီးပွားရေး သမားများ၊ တေဇ သားများ

India ၊ရုရှား ၊ တရုတ် မှ ပြည်သူလူထုငွေဖြင့် ၀ယ်ယူထားသည့် လက်နက်ကြီး အဖြေ

 ဗုံး ရဲ့ သားကောင်ဖြစ်သွားတဲ့ အပြစ်မဲ့ ကလေးငယ်များ...

လိပ်စာပြောက်သွားသည့် စစ်ပြေးဒုက္ခသည်များ ...

ဤ၍၊ ဤမျှသော ဆင်းရဲတဲ့ နိုင်ငံမှ ဤ၍၊ ဤမျှသော စစ်အသုံးစားရိတ်ဟု မထင်မှတ် ရလောက်တဲ့ စစ်တပ် အသုံးစားရိတ်တွေပါ..။ တိုက်လေယာဉ်တွေကတော့ ပြောင်ပြောင်ရောင်ရောင်ပါ.။ အောက်ခြေက  အကြပ်၊ တပ်သားတွေနဲ့ ပြည်သူတွေကတော့ ဝမ်းခေါင်ခေါင်ပါ..။ တပ်မတော်အင်အားရှိဖို့ အသုံးပြုနေသလို.. ပြည်သူတွေ အင်အားပြည့်ဖို့လည်း အထူးအရေးကြီးလှပါတယ်...။ စာဖတ်သူများ နှိုင်းယှဉ် သုံးသပ်နိုင်ရန်အတွက် ရရှိထားသော. သတင်း၊ ဓာတ်ပုံများနှင့် ရုရှား၊ တရုတ်သတင်းဋ္ဌာနများမှ သတင်းများအား အကြမ်းဖျဉ်း ဘာသာပြန်ဆို တင်ပြလိုက်ရပါတယ်..။


 ဒီမိုဝေယံ ၊ ဇော်ရှန် (wunpawng) 


စစ်ပွဲနောက်ဆုံး အခြေအနေများ ၊ နှစ်ဘက် ပြင်ဆင်မှုများ

|0 comments
Monday, November 28, 2011

mungkanbrang@gmail.com သို့ ၂၄ နာရီ အမြန်ဆုံး သတင်းများ ပေးပို့ နိုင်သည် .....


ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွား ဗန်မော်ဘက်က သက်လာတဲ့  မြန်မာစစ်တပ်နှင့် ၀ိုင်းမော်ဘက်က သက်လာတဲ့  မြန်မာစစ်တပ် အချင်းချင်း ၁၅ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ခဲ့တယ် ။ ၂၇ ရက်နေ့ မနက်ပိုင်း နမ်ဆန်ယန်ကျေးရွား ၊ တာလော ၊ တ၀ိုက် အစိုးရစစ်တပ် အင်အား အနည်းဆုံး ၁၀၀ ခန့်ဖြန်ပြီး နေရာယူနေပြီး ၊ တာလော ဘက်ကို နောက်တန်း ၊စစ်ကူတပ်အင်အား ၆၀ အနည်းဆုံး လက်နက်ကြီးများ ၊ မြင်းများဖြင့် သယ်ဆောင်လာနေတယ်လို့ သိရပါတယ် ။

 
အစိုးရလေတပ်သုံး အမ်အိုင်-၁၇ ရဟတ်ယာဉ်


။ ။ ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနားလမ်း လမ်းကြောင်း တလျှောက် နှင့်  ဒေါ့ဖုန်းယန်ကျေးရွာသို့ ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီး  ကေအိုင်အေ လုပ်ရှားမှု အခြေအနေများကို စစ်အစိုးရ တို့က ရဟတ်ယာဉ်ဖြင့် အပေါ်မှ  တစ်နာရီ ၂ ကြိမ်ခန့် ပါတ်ပြီး ထောက်လှမ်းနေတယ်လို့ သိရပါတယ်။

စစ်သားများ နေရာယူဖို့ ရဟတ်ယာဉ်နဲ့ လိုက်ချနေတယ်လို့ သိရပါတယ် ။

 ဒေါ့ဖုန်းယန် ၊  နမ်ဆန်ယန်ကျေးရွား ၊ တာလော ဗမာအစိုးရစစ်တပ်အင်အား အနည်းဆုံး ၅၀၀ ခန့်ခြေကုတ်ပြီး နောက်တန်းနေရာအဖြစ်နဲ့  ပြင်ဆင်နေကြတယ်လို့ သိရပါတယ် ။

ဆက်လက်ဖော်ပြမည် ၊ ။ သတင်းများ ပေးပို့ နိုင်ပါသည် ။

W.P Moses

၂၇ မှ ၂၉ ၃၀ နောက်ပိုင်း

|1 comments
 Monday, November 28, 2011

 K.I.A တပ်မဟာ(၅) ရှေ့တန်းစစ်မြေပြင်တစ်နေရာ

 ကေအိုင်အေ တပ်မဟာ (၅) နယ်မြေ  ပန်ဆိုင်း ဒေသဘက်  သေနတ်အသံ ကြားလိုက် မကြားလိုက် ဖြစ်နေတယ် ။

မနေ့ညပိုင်းတော့ ကေအိုင်အေ  နှင့်  အစိုးရတပ်  ခမရ (၃၈၄) ဖြစ်နေတယ်  ပိုင်ဆိုင်း ဘက်ကို စစ်ပွဲက ဦးတည်နေတယ် ။

နိုင်ငံတကာရောက် ကချင်များ ..   (  ၂၇ မှ ၂၉  ၃၀ ) မှ စ၍ စစ်ပွဲများ အရင်ကထက် ပိုပြီး ပြင်းထန်စွာ ဖြစ်လာနိုင်တယ်။ ဆုတောင်းကူညီကြရန် ....



W.P Moses

စစ်အစိုးရ စစ်တပ် ကချင်နယ်မြေသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်

|0 comments
Monday, November 28, 2011

ကချင်နယ်မြေမှာ ဘာဖြစ်နေသည်ဆိုတာကို မသိဘူးဆိုတဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်..

ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနားလမ်း ဒေါ့ဖုန်းယန် ကျေးရွာသို့ စစ်အစိုးရ စစ်တပ်မှ နိုဝင်ဘာ (၂၆) ရက် နေ့လည် (၁း၃၀) နာရီတွင် ရဟတ်ယာဉ်များဖြင့် စစ်တပ်အင်အားနှင့် လက်နက်များကို လာရောက် ပို့ဆောင်သွားကြောင်း သတင်း ရရှိပါတယ်။ ယခုအခါ ဒေါ့ဖုန်းယန်တွင် စစ်အစိုးရ စစ်တပ်အင်းအား (၃၀၀) ကျော် ရောက်ရှိနေကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွားသို့ တာလောဘက်မှ စစ်အစိုးရစစ်တပ် အင်အား (၅၀) ကျော် နိုဝင်ဘာ (၂၆) ရက် မနက် (၈း၃၀) နာရီဝန်းကျင်တွင် ရောက်ရှိလာကြောင်း သိရှိရပါတယ်။

ကချင်ပြည်နယ် ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီး တရုတ်သူဌေး လောရင်း၏ ငှက်ပျောခင်းတွ အခြေချနေသော စစ်အစိုးရ စစ်တပ်များကို နိုဝင်ဘာ (၂၆) ရက် နေ့လည်ပိုင်း (၁း၃၀) နာရီဝန်းကျင်တွင် စစ်အစိုးရမှ ရဟတ်ယာဉ်ဖြင့် စားနပ်ရိက္ခာများ၊ လက်နက်များ လာရောက် ပို့ဆောင်ပေးကြောင်း သတင်းရရှိပါတယ်။


W.P Moses

Sunday, November 27, 2011

တီးတိန်မြို့အနီး မီးလောင်မှုဖြစ်ပွား

|0 comments
Sunday, November 27, 2011


ယမန်နေ့ က မနက် ၄ နာရီဝန်းကျင်တွင် တီးတိန်မြို့အနီး ဂေါင်မွါလ်ရွာရှိ ဦးထန်လာမ်ကျင့်၏ နေအိမ်လောင်ကျွမ်းသွားခဲ့ကြောင်း တီးတိန်မှ လာသော သတင်းအရသိရသည်။

အခင်းဖြစ်ပွားချိန်တွင် ဦးပါးကျင့်၏ ဇနီးနှင့် သမီး နှစ်ဦးတို့ပိတ်ဆို့မိနေရာမှ ကိုယ်လွှတ်ရုံးထွက်နိုင်ခဲ့ကြပြီး ဇနီးဖြစ်သူမှာ ဆံပင်များလောင်းခဲ့သည်ဟု သိရသည်။




"အနီးတဝိုက်မှာ ဘယ်သူမှမရှိကြဘူး၊ သိတဲ့အချိန်ကျတော့ တစ်အိမ်လုံးမီးလောင်ကျွမ်းနေပြီလေ။ အခုချိန်မှာတော့ ရွာသူရွာသားများကပဲ ကူညီထောက်ပံ့နေကြတယ်"ဟု နီးစပ်ရာ ဒေသခံတဦးကပြောသည်။

အလားတူ ယခုနှစ်အတွင်း၌ တီးတိန်းမြို့တွင်းနှင့် အနီးတဝိုက်တွင် မီးလောင်မှု (၃) ကြိမ်ဖြစ်ပွားခဲ့သည်။

ဇော်ရှန်