Saturday, September 17, 2011

စစ်တပ်တို့မှ ရွာမီးရှို့

|0 comments
Saturday, September  17, 2011
 စစ်တပ်မှ သိမ်းဆည်းရရှိသော လက်နက်
စက်တင်ဘာလ ၁၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ K.I.A နှင့် စစ်တပ်တို့အကြား တိုက်ပွဲမှာ စစ်တပ်ဘက်မှ အကျ အဆုံးများ၍ စစ်တပ်တို့ တပ်ဆုတ်သွားကြောင်း သတင်းရရှိပါတယ်။ စစ်တပ်တို့ နောက်ဆုတ်သွားရာတွင် စစ်တပ်တို့မှ နမ်ဆန်ယာန် ကျေးရွာမှ အိမ် အလုံး (၂၀) ကို လည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်း ရွာခံများမှ သတင်း စုံစမ်း သိရှိရပါတယ်။ အခုချန်မှာ အိမ်မီးရှို့ခံရသော ရွာသားများမှာ ဆင်းရဲ ဒုက္ခရောက်နေ ကြကြောင်း သိရှိရပါတယ်။ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သားများ (၂၀) ဦး ကိုလည်း K.I.A တို့က အရှင်ဖမ်းဆီးမိထားကြောင်း K.I.A အရာရှိများ ထံမှ ဆက်လက်စုံစမ်းသိရှိရပါတယ်။ လက်နက် မျိုးစုံနှင့် ကျည်ဆံများကိုလည်း သိမ်းဆည်း ရရှိကြောင်း သိရရှိရပါတယ်။

K.I.A စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် ရဲ့ စစ်ပွဲမိန့်ခွန်း

|0 comments
Saturday, September 17, 2011 (အသံ Video ကို ညာ ဘက်မှာ တင်ပြထားပါတယ် )

K.I.A စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်

ရှေးဦးစွာ အခုလို နေ့ကောင်း အချိန်ကောင်းကို ပြင်ဆင်ပေးသော အသက်ရှင်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ကြွရောက်လာတဲ့ မျိုးချစ်ခေါင်းဆောင်များကိုလည်း လိုက်လဲစွာကြိုဆိုပါတယ်။

ဒီနေ့ K.I.A ရဲ့ အောင်ပွဲပန်းတိုင်ကို ရရှိဖို့ တိုက်ပွဲဝင်လာတာ ၃ လ ကျော်သွားပါပြီ။

ဘာဖြစ်လို့ကျနော်တို့ ဒီစစ်ပွဲကို ဆင်နွှဲနေရတယ်၊ ရှေ့လျှောက်ပြီး ဘယ်လိုပန်းတိုင်မျိုးကို သွားရမယ် ဆိုတာကို K.I.A ဌာနချုပ် ကော်မတီကနေ ၂ လ ၃ လ ကျော်အထိ ဆွေးနွေးလာခဲ့ရာ အခုချိန် မှာတော့ ပြည်သူပြည်သားများကို ပြောပြရမယ့် အချိန်ရောက်ပြီဖြစ်လို့ ဌာနချုပ်ကနေ စစ်ပြေး ဒုက္ခသည်တွေကိုလည်း သူ့နေရာနှင့်သူ၊ မြို့၊ ကျေးရွာတွေမှာလည်း ဌာနချုပ်မှ အကြီး အကဲတွေ ကိုယ်တိုင် သွားပြီး စစ်ပွဲဖြစ်ရတဲ့အကြောင်းတွေ၊ ရှေ့လျှောက်သွားမယ့် ပန်းတိုင်ကို ပြည် သူပြည် သားများ နားလည်သဘောပေါက်အောင် လုပ်ဆောင်နေပါတယ်။

တချို့ ဌာနချုပ်ကနေ သွားလို့မဖြစ်တဲ့ နေရာတွေမှာတော့ VCD, VIDEO, REDIO စသည်တို့ဖြင့် ဖြန့်ချီ သွားမှာ ဖြစ်တယ်။

ကျနော်တို့ အလုပ်တခုကို လုပ်ဆောင်ရာတွင် အလုပ်ရဲ့ အခြေခံနှင့် ပန်းတိုင်ကို မသိပါက လုပ်ဆောင်ဖို့ရာ မဖြစ်သလို၊ စိတ်အားတက်ကြွဖို့လည်း ခက်ခဲတယ်။

ပြီးတော့ ပန်းတိုင်မရှိပါက ရှေ့လျှောက်ဖို့ရာ ခက်ခဲပါတယ်။

ဒါကြောင့် ကျနော်တို့ရဲ့ ပန်းတိုင်ဟာ ဘာလဲ.. ဘယ်လိုလျှောက်လှမ်းခဲ့ပြီလဲ.. ဘယ်လို ရှေ့လျှောက် ရအုံးမလဲ..ဆိုတာကို ဒီနေ့ တင်ပြသွားမှာဖြစ်တယ်။

တို့ဖြစ်ရာ လွန်ခဲ့တဲ့ ဇွန်လ ၉ ရက် ၂၀၁၁ နေ့ကနေပြီး စစ်အစိုးရမှ အပြစ်မဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်။

K.I.A တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ တာခေါတောင် ဘွမ်ဆဲန် (Bumsen) Post နှင့် ဆန်ဂန် လိုင်စင် ဆက်ဆံရေးရုံးကို ဝင်ရောက်တိုက်ခိုက်ရာကနေ စတင်လာခြင်းဖြစ်တယ်။

K.I.A ဘက်မှ ၄ ရက် အထိစောင့်ဆိုင်းခဲ့ပါတယ်။

စစ်အစိုးရဘက်ကနေ ဘာမှ ပြန်ဆက်သွယ်လာခြင်းမရှိ၊ K.I.A ကို အရေးမယူဘဲ ဆက်သွယ်လာခြင်း မရှိခဲ့သဖြင့်၊ ၉ ရက် နေ့ ကနေ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအထိ K.I.A ဘက်က စောင့်ဆိုင်းခဲ့ပါတယ်။
ဒီလိုနဲ့ K.I.A တပ်ရင်း ၁၅ ကို စစ်တပ်ဘက်မှ အင်အားသုံးပြီး ဝင်ရောက်တိုက်ခိုက် နေတာကို ကျနော်တို့ဘက်က ဒီအတိုင်း ကြည့်နေလို့မဖြစ်ပါ၊ ဒါကြောင်း သည်းခံတယ်ဆိုတာလည်း အတိုင်းအတာ တခုဘဲရှိတယ်၊ အဲ့လိုမဟုတ်ရင်တော့ လက်နက်ချလိုက်တာနဲ့ အတူတူဘဲ.. ၃၊ ၄ ရက်အထိ သည်းခံခဲ့ပြီးနောက် ၊ K.I.A ဌာနချုပ်ကနေ တရားဝင် စာရေးပြီး တိုင်းမှူးကို ပို့ခဲ့တယ်၊ ဒီနေ့ ၁၃ ရက် နေ့လည် ၁၂ နာရီအထိ K.I.A ဘက်ကနေ သည်းခံခဲ့တယ်၊ စစ်တပ်ကနေ ဒီလိုသာလုပ်နေမယ် ဆိုရင်တော့ K.I.A ကနေ ဒီစစ်ပွဲကို တနိုင်ငံလုံးပြန့်နံ့သွားအောင် စတင်တော့မှာ ဖြစ်တယ်၊ စစ်တပ်ကနေ သတ္တိရှိလား.. ရှိရင်တော့ စလိုက်တော့မယ်၊ K.I.A က တော့ မာမာဘဲ၊ “ကလေးတွေတောင် မင်းမိုက်ရင် ငါက အမိုက်ဆုံးပေါ့” လို့သိကြတယ် ၊ ကျနော်တို့ ကချင် ဘိုးဘေးတွေခေတ်ကလည်း ဘယ်အချိန်ကမှ လက်နက်ချတယ်၊ အညံ့ခံတယ်ဆိုတာ မရှိခဲ့ဘူး၊ ဘယ်စစ်ပွဲမှာ မှ လက်နက်ချ၊ အပ် ပြီး နွားလှည်းစီးပြီး ထွက်ပြေးတယ်ဆိုတာ မရှိခဲ့ဘူး၊ ကျနော်တို့ ကချင်တွေလည်း ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် နှင့် စစ်ပွဲအများအပြား ပါဝင်ဆင်နွှဲခဲ့တယ်၊ ဒီလို ရဲစွမ်းသတ္တိရှိတဲ့ ကချင်ဘိုးဘေးတွေရဲ့ မျိုးဆက်တွေဖြစ်ရာ လက်နက်ချတယ်ဆိုတာ ရာဇဝင်မရှိရပါ။
ပြီးတော့ ကျနော်တို့ရဲ့ မှန်ကန်တဲ့လုပ်ရပ်၊ တရားမျှတစွာ ရပ်တည်နေတဲ့ အတွက် ကျနော်တို့ဘက်မှ ဘာမှ သွေဝေ နေစရာ မလိုတဲ့အပြင် ကျနော်တို့ ကိုးကွယ်တဲ့ အသက်ရှင်သော ဘုရား သခင်လည်း နှစ်သက်တယ်၊ ဒါကြောင့် K.I.A ဘက်ကနေ မလုပ်ဝံ့စရာ ဘာအကြောင်းမှ မရှိဘူး။

ဒါကြောင့် K.I.A ဌာနချုပ်ကနေ ၁၃ ရက်နေ့ နေ့လည် ၁၂ နာအထိ တိုင်းမှူးရဲ့ ပြန်ကြား ချက်ကို စောင့်ခဲ့ပေမယ့် ၊ တိုင်းမှူး ဘက်ကနေ K.I.A ကို အရေး မယူတဲ့ အတွက် နေ့လည် ၁၂ နာရီ ထိုးပြီးနောက်တော့ K.I.A ဌာနချုပ်ကနေ အစည်းအဝေးမှာ ဒီနေ့ဟာ ကျနော်တို့ရဲ့ ကချင်ပြည် သူပြည် သားကို ကာကွယ်ဖို့ရန် K.I.O/K.I.A ရဲ့တာဝန်ဖြစ်တဲ့ အားလျော်စွာ ယနေ့ကစပြီး Deference စစ်ပွဲ (သို့) ထိုးစစ် စစ်ပွဲတို့ကို ရှောင်လွှဲလို့မရတော့တဲ့ အတွက် ဒီစစ်ပွဲကို K.I.A ကနေပြီး ယုံကြည်ကိုးကွယ်တဲ့ အသက်ရှင်သော ဘုရားသခင်ထံမှ အင်းအားတောင်းခံယူကာ စစ်ပွဲ ဆင်နွှဲဖို့ရန် ဌာနချုပ်ကနေ ဆုံးဖြတ်ပြီး K.I.O/K.I.A ဥက္ကဌ ကနေ လက်မှတ်ရေးထိုးပြီး ၁၃ ရက် ညနေပိုင်းကနေ စတင်ဆင်နွှဲပြီး K.I.A တပ်မဟာအပေါင်း တို့ကို ဌာနချုပ်ကနေ အမိန့် ချမှတ်လိုက်ပြီး ဆင်နွှဲလာခဲ့ ရာ ယနေ့ အထိဖြစ်ပါတယ်။

စစ်အစိုးရရဲ့ လက်နက် ကျည်ဆံများ ဓါတ်ပုံ

|0 comments
Saturday, September 17, 2011





ရှေ့တန်းနယ်မြေမှ K.I.A ဓါတ်ပုံများ

|0 comments
Saturday, September 17, 2011


စစ်အစိုးရရဲ့ လုပ်ရပ်ကြောင့် ပြည်သူများ ဆင်းရဲ ဒုက္ခနှင့် ကြုံရ

|0 comments
Saturday, September 17, 2011
 
 နမ်ဆန်ယာန်ကျေးရွာမှ စစ်ပြေးဒုက္ခသည်များ
 
စစ်အစိုးရနှင့် K.I.A တို့အကြား တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသွား ပြည်သူပြည်သားများကို K.I.A ဘက်မှ အောင်ဂျယာန်ကျေးရွာမှာ ရပ်ဆိုင်းခိုင်းထားကြောင်း သိရှိရပါတယ်။ ယင်းကျေးရွာ တွင် စက်တင်ဘာ ၁၆ ရက် ၂၀၁၁ ညနေပိုင်း ၄း၃၅ နာရီ ဝန်းကျင်တွင် စစ်တပ်ဘက်မှ အမြောက်ကြီးပစ် ခတ်ခဲ့ရာ ခရီးသွားပြည်သူပြည်သား (၃) ဦး ထိခိုက်ခဲ့ပြီး မော်တော်ကား တစ်စီးလည်း ပျက်စီးသွားကြောင်း ယင်းကျေးရွာမှ သတင်းစုံစမ်းသိရှိရပါတယ်။ ဒီထက်မကဘဲ စစ်တပ်တို့က အကျအဆုံးများမှုကို မကျေနပ်ကာ နမ်ဆန်ယာန်ကျေးရွာမှ ပြည်သူ့ဈေးတန်းနှင့် အိမ်တချို့ကိုလည်း ညနေပိုင်း ၆း ၄၅ နာရီ ဝန်းကျင်မှာ မီးရှို့ဖျက်ဆီးနေကြောင်း မျက်မြင်များမှ သိရှိရပါတယ်။ အဲ့ဒီ လူမဆန်သော စစ်အစိုးရရဲ့ လုပ်ရပ်တွေကြောင်း ၎င်း ရွာသူရွာသားမျာက ကိုယ်တနိုင် ပစ္စည်းများကို သာသယ်ယူကာ K.I.A ထိန်းချုပ်ရာ လိုင်ဇာ သို့ ထွက်ခွာပြောင်းရွှေ့နေကြကြောင်း စုံစမ်း သိရှိရပါတယ်။

တဆက်တည်းမှာဘဲ K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) က တာခေါ ရေအားလျှပ်စစ်အနီးမှာ တပ်စွဲထားတဲ့ စစ်တပ်မှ စစ်သား (၁) ဦးကို စက်တင်ဘာလ ၁၆ ရက် ညနေပိုင်း ၄း၁၇ နာရီ ဝန်းကျင်တွင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု လည်းရှိကြောင်း သတင်းစုံစမ်းသိရှိရပါတယ်။

K.I.A ဌာနချုပ်မှ စစ်ကူပို့

|0 comments
 Saturday, September 17, 2011

 K.I.A မျိုးချစ်စစ် သားများ

စစ်အစိုးရဘက်မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စစ်ကူမော်တော်ယာဉ်တန်း ထွက်လာပြီးနောက် K.I.A ဌာနချုပ်မှလည်း စစ်ကူ (၁၀၀) ကျော်ကို ပို့လွှတ်လိုက်ပြီ ဖြစ်ကြောင်း လိုင်ဇာမြို့မှ သတင်းရရှိပါတယ်။ အခုချိန်မှာ စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် တို့အကြား တိုက်ပွဲဟာ အထွဋ်အထိပ် ရောက်ရှိနေ ပြီးဖြစ်ကြောင်း K.I.A အရာရှိများမှ စုံစမ်းသိရှိရပါတယ်။ ယခု သတင်းရေးနေ ချိန်အထိ တိုက်ပွဲများဟာ မပြီးသေးကြောင်း ဖေါ်ပြလိုက်ပါတယ်။ ယခုတိုက်ပွဲတွင် K.I.A ဘက်မှ (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး လိုင်ဇာ K.I.A ဆေးရုံးမှာ ဆေးကုသခံယူ နေကြောင်း စုံစမ်းသိရှိရပါတယ်။ (၁) ဟာ နားရွက်တွင် လျှပ်ထိသွားကြောင်း၊ နောက် (၁) ဦး ဟာ ခြေထောက်မှာ ထိခိုက်ကြောင်း နှင့် ကျန် (၂) ဦး ကိုတော့ မသိရသေးကြောင်း တိုက်ပွဲနှင့် နီးစပ်သူများမှ စုံစမ်းသိရှိရပါတယ်။ အခုချိန်မှာ K.I.A နှင့် စစ်အစိုးရတို့၏ လွန်ခဲ့သော ဇွန်လ (၉) ရက်နေ့က စတင်လာတဲ့ စစ်ပွဲဟာ ယနေ့ချိန်မှာ တော့ စစ်ပွဲကြီးသို့ ကူးပြောင်းလာပြီးဖြစ်ပါတယ်။

Friday, September 16, 2011

စစ်တပ်နှင့် K.I.A တို့တိုက်ပွဲ မရပ်နားသေး စစ်အစိုးရရဲ့ စစ်ကူယာဉ်တန်းထွက်ခွာ

|0 comments
Friday, September 16, 2011

ယနေ့ဖြစ်တဲ့ စစ်တပ်နှင့် K.I.A တို့အကြား တိုက်ပွဲမရပ်သေး.. ကချင်ပြည်နယ် နမ်ဆန်ယာန် ဘက်သို့ အစိုးရရဲ့ စစ်ကူ ယာဉ်တန်းများ ထွက်ခွာ သွားပြီဖြစ်ကြောင်း၊ ယင်း စစ်ကူ ယာဉ်တန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ဖြစ်ကြောင်း အခုဘဲ မြစ်ကြီးနားမှ မျက်မြင် သက်သေများမှ စုံစမ်းသိရှိ ရပါတယ်။ တိုက်ပွဲများဟာ ဆက်လက်ဖြစ်ပွား လျက်ရှိနေပါတယ်။

ဖိန်ရေယာန်မှာ တိုက်ပွဲဖြစ်ပွားနေ

|0 comments
Friday, September 16, 2011
ရှေ့တန်း နယ်မြေမှ K.I.A မျိုးချစ် စစ်သားများ

စက်တင်ဘာလ ၁၆ ရက် အခုအချိန်မှာ K.I.A တပ်နှင့် စစ်တပ်တို့အကြား နမ်ဆန်ယာန် ကျေးရွာ အထက်ဘက်မှာရှိတဲ့ နဖေါ့တောင်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါတယ်။ ယင်းတိုက်ပွဲ နေရာသည် အရင်က ကုမ်ဘောင် (Kum Bau ) ကျေးရွာ အနီးရှိ ဖိန်ရေယာန် (Hpin Re Yang ) နယ်မြေတွင် ဖြစ်ကြောင်း သိရှိ ရပါတယ်။

စစ်တပ်ဘက်မှ (၂၀) ဦးကျဆုံးပြီ

ဒီနေ့ စက်တင်ဘာလ ၁၆ ရက် ကချင်ပြည်နယ် နမ်ဆန်ယာန် တိုက်ပွဲတွင် K.I.A နှင့် စစ်တပ် ခလရ (၃၇)၊ (၄၃၈) တို့ အကြား တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ အနည်းဆုံး (၂၀) ဦးကျဆုံးပြီ ဖြစ်ကြောင်း ကျေးရွာမှ သတင်း ရရှိပါတယ်။ တိုက်ပွဲဟာ အခုချိန်ထိ ဆက်လက်ဖြစ်ပွား နေကြောင်း သိရှိရပါတယ်။ မနေ့က တိုက်ပွဲမှာ K.I.A စစ်သား (၁) ဦး သေနတ်ကျည်ဆံ ထိ၍ အခုချိန်မှာ K.I.A ဌာနချုပ် လိုင်ဇာ K.I.A ဆေားရုံမှာ ဆေးကုသ နေကြာင်း သိရှိရပါတယ်။
လုံခြုံရေး ယူနေသော K.I.A စစ်သား

စစ်တပ်ရဲ့ စစ်ကြောင်းကို K.I.A ဝိုင်းဝန်းတိုက်

စက်တင်ဘာ ၁၅ ရက် ၂၀၁၁ မနက်ပိုင်း ၁၀း၀၀ နာရီ ဝန်းကျင် ကနေ စက်တင်ဘာလ ၁၆ ရက် ဒီနေ့ နေ့လည်အထိ အစိုးရစစ်တပ်ဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနား မုဒ်လုမ် အခြေစိုက် LIB (37) , MOC (21) လက်အောက်ခံ နုမ်လာန် အခြေစိုက် LIR (438) တို့နှင့် နမ်ဆန်ယာန်ကျေးရွာ အနီး နမ်ဘာန် ချောင်း အထက်ပိုင်း တွင် K.I.A ဌာနချုပ် ကာကွယ်ရေး အထူးတပ် နှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ကြောင်း ယင်းတိုက်ပွဲနှင့် နီးစပ်သူများထံမှ သတင်းရရှိပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆံး (၂၀) ဦး ကျဆုံးပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲမှ စစ်တပ်ရဲ့ လက်နက်မျိုးစုံကိုလည်း K.I.A တို့က သိမ်းဆည်း ရမိကြောင်း သိရှိရပါတယ်။ အခုအချိန်ထိ စစ်တပ်တို့ကို K.I.A တပ်တို့မှ ဝိုင်းရံ ထားကြောင်း သိရှိရပါတယ်။

K.I.A တပ်မှ စစ်တပ်ကို ဝင်တိုက်

K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၅) နှင့် စစ်အစိုးရ၏ MOC (21) လက်အောက်ခံ LIR (387) တို့အကြား စက်တင်ဘာလ ၁၅ ရက် ၂၀၁၁ ညနေပိုင်း ၆း၀၀ နာရီ ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ စစ်တပ်ဘက်မှ LIR (387) မှ စစ်ကြောင်း ထွက်မည်ကို သတင်းရရှိပြီး K.I.A တပ်ရင်း (၁၅) တို့က လိုင်ဇာ ဗန်မော် (မန်မော်) လမ်း နမ်ဖါတ်ကာ ကျေးရွာ အနီးတွင် စောင့်ကြိုကာ ဝင်တိုက်ခဲ့ကြောင်း သိရှိရပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား (၁) ဦး ကျဆုံးပြီး MA-2 လက်နက်နှင့် လက်နက်ကြီးများကိုလည်း K.I.A တပ်မှ သိမ်းဆည်း ရရှိကြောင်း သိရှိရပါတယ်။

ချစ်ခင်လေးစား အပ်ပါသော ကချင်ပြည်သူပြည်သားများ အားလုံး အခုချိန်မှ ကျနော်တို့ နိုင်ငံအတွက်နှင့် K.I.A စစ်တပ်တို့ အောင်ပွဲရရှိရေး ၊ မှန်ကန်သော အောင်မြင်မှု ရရှိရန်အတွက် ကျနော်တို့ ယုံကြည်ကိုးကွယ်နေသော အသက်ရှင်သော ဘုရားသခင်ထံ ဆုတောင်း သနားခံဖို့ ရန်မှာ ကချင်ပြည်သူပြည်သားများ အားလုံးရဲ့ တာဝန်ကြီး တစ်ခုဖြစ်နေတယ်ဆိုတာကို သတိ ပေးလိုက်ပါတယ်။


ထိန်လဲ့ယာန်မှ K.I.A နှင့် စစ်တပ်များတိုက်ပွဲဖြစ်

|0 comments
Friday, September 16, 2011

K.I.A စစ်ဦးစီးချုပ် ဂမ်ရှောင် (ထိုင်) ဂွမ်မော် (ဒုစ-ရပ်)
စက်တင်ဘာလ ၁၅ ရက် ၂၀၁၁ နေ့လည် မှာ K.I.A ဌာနချုပ် ကာကွယ်ရေး အထူးတပ်နှင့် K.I.A ပြည်သူ့တပ် (MHH) တို့ ပူးပေါင်းပြီး စစ်တပ်တို့အကြား ကချင်ပြည်နယ် ထိန်လဲ့ယာန် (Hting Le Yang) တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရွာခံများမှ သတင်းရရှိပါတယ်။ ယင်းတိုက်ပွဲဟာ ပြင်းထန်စွာ နာရီ တော်တော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ကျဆုံးမှု ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိမှု များပြားကြောင်း K.I.A အရာရှိများမှ သိရှိရပါတယ်။ အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိပါတယ်။

ဝါးရှောင် ရွာသူရွာသားများ ဒုက္ခရောက်

ကချင်ပြည်၊ ဝိုင်းမော်မြို့နယ် ဝါးရှောင် (Wa Shawng) ကျေးရွာ မှ ရွာသူရွာသားများသည် အစိုးရ စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှုများ ကြုံတွေ့နေရတယ်လို့ ရွာခံများမှ သတင်းရရှိပါတယ်။  စစ်တပ်ကနေပြီး ရွာသူရွာသားများကို ညတိုင်း ဝါရှောင်ဆည် (Hka Madin) ကို လုံခြုံရေး ယူခိုင်းနေကြာင်း၊ အကြောင်းရင်းမှာ စစ်တပ်က K.I.A တို့ကနေ ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်နေ၍ တပ်တွင်းကနေ မထွက်ရဲဘဲ ရွာသားများကိုသာ လုံခြုံရေး ယူရန် အတင်းအဓိမ္မ စေခိုင်းနေကြောင်းသိရှိရပါတယ်။

Thursday, September 15, 2011

ကချင်ပြည်နယ် နမ်ဆန်ယာန်တွင် တိုက်ပွဲဖြစ်

|0 comments
Thursday, September 15, 2011
စက်တင်ဘာလ (၁၄) ရက် နေ့လည် ၁၂း၀၀ နာရီဝန်းကျင်တွင် K.I.A တပ်ဖွဲ့နှင့် စစ်တပ် ခမရ (၄၃၈) တို့အကြား နမ်ဆန်ယာန် အနီးရှိ ခါလာ (Hka La) နှင့် ဇိုင်ဝါး (ဇီး) ကျေးရွာ အကြားမှာ ဆက်လက် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ၎င်းကျေးရွာမှ သတင်း ရရှိပါတယ်။ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိအခိုက် ရှိခဲ့ပေမယ့် အသိအကျကိုတော့ ဆက်လက် စုံစမ်းလျက် ရှိပါတယ်။

စစ်တပ်နှင့် K.I.A တို့ အကြားဆက်လက်တိုက်ပွဲဖြစ်ပွား

|0 comments
Thursday, September 15,2011

ရှေ့တန်းနယ်မြေမှ K.I.A မျိုးချစ်စစ်သည်တော်များ

စက်တင်ဘာလ ၁၄ ရက် ၂၀၁၁ နေ့လည် ၁း၃၀ နာရီကနေ ၂း၀၀ နာရီ ကျော်အထိ စစ်တပ်၏ MOC စကခ (၂၁) လက်အောက်ခံ ဗမော် (မန်မော်) အခြေစိုက် LIB ခလရ (၄၇) နှင့် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း နီးစပ် သူများက သတင်း ပေးပို့ လာပါတယ်။ စစ်တပ်၏ LIB (၄၇) မှ အင်အား (၁၀၀) ကျော်က မန်ဂျေ မုဒ်လုမ် (Manje Muklum) နယ်မြေတွင် ဝင်ရောက် လာချိန်မှာ K.I.A တပ်ရင်း (၁) တို့က မန်ဂျေ မုဒ်လုမ် အနီးက ရွာသစ်ကုန်း တဝိုက်တွင် ဝင်ရောက် တိုက်ခိုက် ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး (၂) ကျဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဆက်လက် စုံစမ်း သိရှိရပါတယ်။

တဆက် တည်းမှာဘဲ စက်တင်ဘာလ ၁၄ ရက် ၂၀၁၁ မနက် ၁၁း၃၀ နာရီဝန်းကျင်တွင် K.I.A တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၁၈) နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနား လိုင်ဇာ ကားလမ်း နမ်ဆန်ယာန် ကျေးရွာအနီး ၊ ခါလာ(Hkala) တောင်ကုန်းတွင် စစ်တပ်၏ MOC စကခ (၂၁) လက်အောက်ခံ လိုင်ဇာ ဗန်မော် ကားလမ်း နုမ်လာန် အခြေစိုက် LIR ခမရ (၄၃၈) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာ ရရှိမှု များပြားပြီး ပြင်ထန်ကြောင်း နီးစပ်သူများမှ သတင်း စုံစမ်း သိရှိရပါတယ်။

အခုချိန်မှာ နေရာ အနံ့အပြားတွင် စစ်အစိုးရနှင့် ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲများပြင်း ထန်လျက် ရှိကြောင်းကို သိရှိနေ ရပါတယ်။ စစ်တပ်ဘကမှ လည်းနေရာ အနံ့ အပြားတွင် စစ်ရေး လှုပ်ရှားမှု များဟာ ပိုမို များပြားလာကြောင်း K.I.A အရာရှိများထံမှ စုံစမ်း သိရှိ ရပါတယ်။

မှတ်ချက်။
 MOC= Military Operations Command, LIB=Light Infantry Battalion,
LIR= Light Infantry Regiment