Wednesday, September 14, 2011

N-dai Mungga Hpe Kahtap na Shabra sa wa ga...

|0 comments

စစ်တပ်ရဲ့ စစ်ကြောင်းတစ်ကြောင်းကို K.I.A ဝင်တိုက်

|0 comments
Wednesday, 14 September, 2011

ရှေ့တန်းမထွက်မီ ရှေးဦးစွာ ဘုရားသခင်ထံ 
ဆုတောင်အပ်နံနေတဲ့ K.I.A မျိုးချစ်စစ်သားများ

စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ နေ့တွင် ကချင်ပြည်နယ် နဖေါ့ (Na Hpaw) ကျေးရွာကနေ ဆင်းလာတဲ့ စစ်တပ်ရဲ့စစ်ကြောင်း ခလရ (၃၇) လူအင်အား (၁၃၀) ကျော်ရှိတဲ့ စစ်ကြောင်းကို K.I.A ဌာနာချုပ် ကာကွယ်ရေး အထူးတပ်ရင်း (၂၅၅) မှ နဖေါ့ ကျေးရွာအနီးတွင် မနက် ၇း၀၀ နာရီ ဝန်းကျင်တွင် ခြုံခို တိုက်ခိုက် ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ...

WUNPAWNG NINGHTOI HPYEN MAJAN TSIN YAM MASHA LAKAWN HPUNG (WPN)

|0 comments

Tuesday, September 13, 2011

အူရော်ကောင် (ကုန်း) မှာ K.I.A နှင့် စစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွား

|0 comments
Tuesday, September 13,2011

K.I.A မျိုးချစ် စစ်မယ်များ

စက်တင်ဘာ (၁၂) ရက်နေ့ မှာ K.I.A အဖွဲ့မှ ကချင်ပြည်နယ် နမ်ဆန်ယာန် ကျေးရွာတွင် စစ်တပ်တို့ အခြေချ တဲ့ အမှတ် (၁၄၂) ခြေလျင်တပ် ကို K.I.A တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးခဲ့ကြောင်းကျေးရွာနှင့် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

တဆက် တည်းမှာဘဲ အူရော်ကောင်(ကုန်း) မှ ဆင်းလာသော စစ်တပ်၏ စစ်ကြောင်းကို K.I.A တပ် တို့မှ ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား အနည်းဆုံး (၂၀) ဦး ကျဆုံး ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ၏ K.I.A တာဝန် ရှိသူမှ စုံစမ်း သိရှိရပါတယ်။ ဒီတိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ်တို့က ဒုမ်ဘန်တောင် (Dum Bang) မှ အမြောက် ကြီးတို့ဖြင့် ပစ်ကူခဲ့ကြောင်း သိရှိရပါတယ်။ ဒုမ်ဘန်တောင်ဟာ လီဒိုလမ်း ဘက်က ကျေးရွာလည်း ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှု ကြောင့် ဆက်လက်ပြီး တိုက်ပွဲများ ပိုပြင်းထန် လာမှာကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရပါတယ်။

စစ်အစိုးရဟာ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် စစ်အင်အားများကို ဆက်လက် ပို့ဆောင်နေကြောင်း၊ စစ်အင်အားဖြည့် တင်းနေကြောင်း၊ သိရှိရပါတယ်။ စစ်အစိုးရဟာ ငြိမ်း ချမ်းရေး လိုလားဟန်ဖြင့် တိုင်းရင်းသား များကို နှိပ်ကွပ်နေ ခြင်းသာဖြစ်ပါတယ်။ K.I.A နှင့် လည်း စစ်ပွဲများ ဆက်လက်ပြင်းထန် လာမယ်ဆိုတာကို နိုင်ငံရေးလေ့လာ သူများက သုံးသပ်နေကြပါတယ်။
K.I.A ခေါင်းဆောင်များနှင့် ကချင်ပြည်သူပြည် သားများဟာ အငိုက်မမိဖို့ရာ အလွန် အရေးကြီးပါတယ်။ အခုချန်မှာ ကိုယ့်တိုင်းပြည်ကို ရအောင်တိုက်ယူရမှာ ဖြစ်ပါတယ်။

ရွှေလီမြစ်အနောက်ဘက် မြန်မာစစ်တပ်နှင့်ပစ်ခတ်မှုတွင် KIA တစ်ဦး ကျ

|0 comments
Tuesday, 13 September 2011

ရှေ့တန်းနယ်မြေတနေရာမှ K.I.A စစ်သား

ကချင်ပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ် နယ်စပ်တွင် စက်တင်ဘာ ၈ ရက် ၂၀၁၁၊ ကြာသပတေးနေ့က ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ KIA စစ်သား ၁ ဦး ကျဆုံးကြောင်း အထက် KIA အရာရှိများ မှ အတည်ပြုပြောဆိုသည်။

KIA တပ်ရင်း ၂၇ နှင့် မြန်မာစစ်တပ် ခလရ (၁၄၄) တပ်သားများအကြား အင်မောက်ခ (ရွှေလီမြစ်) အနောက်ဘက်၊ ပန်ခါဒေသတွင် နံနက် (၉) နာရီမှ ညနေပိုင်း (၃) နာရီအထိ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် ယင်းတိုက်ပွဲတွင် KIA စစ်သား ကျဆုံးခဲ့သည်ဟု ဒေသခံများပြောသည်။

အစိုးရစစ်တပ်ဘက်မှ ထိခိုက် သေကြေဒဏ်ရာရရှိမှု ရှိမရှို မသိရပေ။

ခလရ (၁၄၄) သည် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံဖြစ်ကာ ယခု ရွှေလီရေအားလျှပ်စစ် စက်ရုံ လုံခြုံရေး တာဝန်ယူနေသည့် မာန်ဓါတ်အခြေစိုက် နယ်မြေခံ တပ်ရင်းဖြစ်သည်။

Monday, September 12, 2011

K.I.A ရဲ့ စစ်ဌာနချုပ်ဟောင်းတွင် လေကြောင်းသံကြား

|0 comments
ဒီနေ့ စက်တင်ဘာလ (၁၂) နေ့ မနက် (၁၁) နာရီ ဝန်းကျင်တွင် ကချင်ပြည်နယ် နုမ်လန်ကျေးရွာ (Num Lang ) တွင် K.I.A ပြည်သူ့တပ်ဖွဲ့ဖြစ်တဲ့ (MHH) နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နီးစပ်သူများမှ သိရှိရပါတယ်။ အခြေအနေ ကို ဆက်လက်စုံစမ်းလျက်ပါ။
 K.I.A မျိုးချစ်ခေါင်းဆောင်းများ

တဆက်တည်းမှာဘဲ စက်တင်ဘာလ (၁၁) ရက် ၂၀၁၁ နေ့လည် ၁၂း ၃၀ နာရီ ဝန်းကျင်တွင် K.I.A ရဲ့ ဌာနချုပ်ဟောင်းဖြစ်တဲ့ ပါဂျောင် နဖော့ ( Pa Jau Na Hpaw) တွင် အခြေချထားတဲ့ စစ်တပ်မှ စစ်သားများကို စစ်အစိုးရတို့က ရဟတ်ယာဉ် ( Helicoptar ) ဖြင့် ဆန်၊ ဆီ၊ ဆား ၊ စသည့် စစ်ရိက္ခာများကို ပို့ပေးခဲ့ကြောင်း K.I.A နှင့် နီးစပ်သူမှ သတင်းပေး ပို့လာပါတယ်။ ဒီလို စစ်အစိုးရဘက်က ရဟတ်ယာဉ်ဖြင့် စစ် ရိက္ခာတွေ ပို့ပေးရခြင်း၏ အကြောင်းရင်းမှာ သူတို့မြေပြင်ဖြင့် ရိက္ခာပို့တဲ့အချိန်မှာ K.I.A Sniper တပ်ဖွဲ့များက လမ်းမှာ ဝင်တိုက်၊ ဖြတ်တောက်လေ့ရှိကြောင်း၊ စစ်တပ်တို့ဟာ ရိက္ခာများကို ပါဂျောင် နဖော့ တောင်ကနေ ဆင်းပြီး သွားသယ်ယူရလေ့ရှိကြောင်း၊ ယင်းရိက္ခာသွားသယ်တဲ့လမ်းမှာ K.I.A Sniper တပ်ဖွဲ့က ဖြိုခွဲလေ့ရှိ၍ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

စစ်အစိုးရဟာ တဖြည်းဖြည်းနဲ့ လေကြောင်းကို အသုံးပြုလာမလား ဆိုတာကို နိုင်ငံရေးလေ့လာသူများက သုံးသပ်ကာ K.I.A ကိုလည်း သတိမလစ်ဖို့ ပြောနေကြပါတယ်။ စစ်အစိုးရရဲ့ ကလိမ်ကျစ်မှုထဲမှာ မပါးသွားဖို့ရာ K.I.A နှင့် ကချင်ပြည်သူပြည်သား အားလုံးဟာ အလွန် အရေးကြီးနေပါတယ်။ ကလေး လူကြီးမရွေး သော ကချင်ပြည်သူပြည်သားများ စည်းလုံးညီညွတ်ဖို့ရာ အင်မတန် အရေး ကြီးနေပါတယ်။ စစ်အစိုးရရဲ့ လုပ်ကြံ သတင်းတွေကို မယုံမှားဖို့ နှင့် အမှားအမှန်ကို ကိုယ်ကိုယ်တိုင် ဝေခွဲရန်လိုအပ်ပါတယ်။


MAJAN BYIN WA AI NING PAWT NING HPANG KADUN

|0 comments

ရှေ့တန်းနယ်မြေမှ မျိုးချစ် K.I.A စစ်သားများ

|0 comments

Hpyen yen tsinyam karum kahtau lamang Los Angeles kaw galaw

|0 comments

Majan laman e yakhkak jamjau nga ai myusha hpyen yen tsinyam ni a matu karum alum hta ai lamang hpe 6019 Baldwin Ave, Temple cIty, California kaw Sept  11 ya shana 4pm kaw nna 9pm du hkra galaw lai wa ai hpe na chye lu ga ai.

ဇိုင်ဝါး (ဇီး) ကျေးရွာတွင် တိုက်ပွဲဖြစ်

|0 comments
ရှေ့တန်းနယ်မြေမှ K.I.A မျိုးချစ်စစ်သားများ

လွန်ခဲ့တဲ့ စက်တင်ဘာလ (၉) ရက် သောကြာနေ့တွင် ကချင်ပြည်နယ် လိုင်ဇာဘက် သွားတဲ့လမ်း နမ်ဆန်ယာန် အနီးမှာရှိတဲ့ ဇိုင်ဝါး (ဇီး) ကျေးရွာတွင် K.I.A တပ်ရင်း (၁၈) နှင့် ကချင်ပြည်သူ့စစ် တို့ပေါင်းပြီး စစ်တပ်တို့အကြား နာရီပေါင်း (၅) နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းတိုက်ပွဲမှ မျက်မြင် ရွာသားများမှ သိရှိရပါတယ်။ ယင်းတိုက်ပွဲသည် မနက် (၈) နာရီ ကနေ နေ့လည် (၂) နာရီ ကျော် အထိ ဖြစ်ပွား ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား (၂) ဦးကို အရှင် ဖမ်းမိခဲ့ကြောင်း ဆက်လက် သိရှိရပါတယ်။