Tuesday, June 14, 2011

KIA Bum Sen စခန်း မြန်မာစစ်တပ် လက်ထဲကျ

|0 comments
KIA Bum Sen စခန်း မြန်မာစစ်တပ် လက်ထဲကျ


Monday, 13 June 2011 18:02 KNG
E-mail Print PDF
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ၏ အခိုင်အမာ တပ်စခန်း ဖြစ်သည့် ဘွမ်ဆဲန် (Bum Sen Post) တောင်အား မြန်မာစစ်တပ်မှ သိမ်းလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

မြှေက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အင်အား (၉၀၀)ခန့်ရှိ တပ်ရင်း (၈)ရင်း၏ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေခြင်းကြောင့် KIA သည် ယမန်နေ့ည ၇နာရီခွဲတွင် ဘွမ်ဆဲန် တောင်မှ နောက်ဆုတ်ပေးခဲ့ရခြင်း ဖြစ်သည်။


ဒဏ်ရာရ မြန်မာစစ်သား ၃၀ ကျော် မန်မော်သို့ပို့ဆောင်

|0 comments
ဒဏ်ရာရ မြန်မာစစ်သား ၃၀ ကျော် မန်မော်သို့ပို့ဆောင်

Sunday, 12 June 2011 20:44 KNG
E-mail Print PDF
ဇွန် ၁၂၊ ၂၀၁၁ တိုက်ပွဲဖြစ်ပွားရာ ဆန်ဂန်မှ ဒဏ်ရာရ မြန်မာစစ်သား ၃၀ ကျော် မန်မော် (ဗန်းမော်)သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်လိုက်သည်ဟု သိရသည်။

မန်မော်စစ်ဆေးရုံတွင် ဒဏ်ရာရစစ်သားများနှင့် ပြည့်နေသည်။ ထို့အပြင် မန်မော်ပြည်သူ့ဆေးရုံတွင်လည်း ဒဏ်ရာရမြန်မာစစ်သား ၃၀ ခန့်ဆေးဝါးကုသခံယူနေသည်ဟု ဆေးရုံနှင့်နီးစပ်သူများဆိုသည်။

သေကြေဒဏ်ရာရ KIA စစ်သားအရေအတွက် မြန်မာစစ်သားအရေအတွက်ထက် ပိုမိုခြင်းမရှိဟု KIA အရာရှိများပြောသည်။

မြန်မာစစ်တပ်နှင့် KIA ကြား တစ်ညလုံး စစ်ဖြစ်နေ

|0 comments
မြန်မာစစ်တပ်နှင့် KIA ကြား တစ်ညလုံး စစ်ဖြစ်နေ

Saturday, 11 June 2011 22:09 KNG
E-mail Print PDF
ဇွန် ၁၁၊ ၂၀၁၁၊ ည ၁၁ နာရီ - မန်မော်(ဗန်းမော်ခရိုင်)၊ အင်မောက်(မိုးမောက်)မြို့နယ်၊ ဆန်ဂန် KIA တပ်ရင်း ၁၅ နယ်မြေတွင် KIAနှင့် မြန်မာစစ်တပ်များ ယနေ့ညနေ ၃ နာရီခွဲကတည်းက ယခုချိန်ထိ (တစ်ညလုံး) ဆက်တိုက် စစ်ဖြစ်ပွားနေသည်။


ဆန်ဂန် KIA Bum Sen အမာခံစခန်းသို့ ချီတက်လာသော မြန်မာစစ်တပ် အင်အား ၅၀၀ ကျော်နှင့် KIA တပ်များ ပြင်းပြင်းထန်ထန် စစ်ပွဲဖြစ်နေသည်ဟု ရှေ့တန်းမှ KIA အရာရှိများပြောသည်။
Last Updated ( Sunday, 12 June 2011 12:30 )

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နှင့် KIA စစ်ပွဲပြန်စ

|0 comments
ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နှင့် KIA စစ်ပွဲပြန်စ

Saturday, 11 June 2011 16:28 KNG
E-mail Print PDF
ဇန် ၁၁ ရက်၊ ယနေ့ မွန်းလွဲ ၄း၀၀ နာရီကျော်ကစပြီး မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲပြန်စနေသည်ဟု ရှေ့တန်းမှ KIA အရာရှိများပြောသည်။

မြန်မာနှင့် ကချင်တပ်များကြား ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် တာခေါ်ခမြစ် (တာပိန်မြစ်) အနီး ဆန်ဂန်ဒေသတွင် ဖြစ်ပွားခြင်းဖြစ်သည်။

အဖမ်းခံရသော စစ်သားချင်း လဲလှယ်ပြီး မြန်မာနှင့် KIA စစ်ပွဲ ခေတ္တရပ်ထား

|0 comments
အဖမ်းခံရသော စစ်သားချင်း လဲလှယ်ပြီး မြန်မာနှင့် KIA စစ်ပွဲ ခေတ္တရပ်ထား

Friday, 10 June 2011 19:58 KNG
E-mail Print PDF
အဖမ်းခံရသော မြန်မာစစ်သား ၆ ဦးနှင့် ကျဆုံးသွားသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) စစ်သားတစ်ဦး၏ ရုပ်အလောင်း လဲလှယ်ခြင်းဖြင့် နှစ်ဖက်တိုက်ပွဲ ခေတ္တရပ်ထားကြောင်း KIA အရာရှိများပြောသည်။

ဇွန် ၉ ရက် ကြာသပတေးနေ့ ညနေ ၆ နာရီ KIA ပြည်သူ့စစ် ဒု-တပ်ကြပ်ဆောင်ယိန်း၏ရုပ်အလောင်းနှင့် စစ်ဗိုလ် ၂ ဦးပါ မြန်မာစစ်သား ၆ ဦးဖြင့် လဲလှယ်ပြီးနောက် တိုက်ပွဲရပ်သွားသည်ဟု ရှေ့တန်း သတင်းရပ်ကွက်မှသိရသည်။
sang_gang_fighting_bur

မြန်မာစစ်တပ်နှင့် KIA နှစ်ရက်ဆက်တိုက် စစ်ပွဲဖြစ်

|0 comments
မြန်မာစစ်တပ်နှင့် KIA နှစ်ရက်ဆက်တိုက် စစ်ပွဲဖြစ်

Sunday, 12 June 2011 20:40 KNG
E-mail Print PDF
ဇွန် ၁၂၊ ၂၀၁၁ ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် ဆန်ဂန်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်ကြား နှစ်ရက် ဆက်တိုက်တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

ယမန့်နေ့ ဇွန် ၁၁၊ ညနေ ၃ နာရီမှ ညသန်းခေါင်အထိ စစ်ပွဲဖြစ်ပွားသည်။ ယနေ့ ဇွန် ၁၂၊ တနင်္ဂနွေ နံနက် ၇ နာရီတွင် တိုက်ပွဲစတင်နေသည်ဟု KIA အရာရှိများပြောသည်။
sang-gang-wa-bur

နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း အရေအတွက် အတိအကျကို မသိရပါ။
Last Updated ( Sunday, 12 June 2011 22:44 )

နောက်ဆုံး KIO ဆက်ဆံရေးရုံး ရုပ်သိမ်းပြီး ပြည်တွင်းစစ်သို့ ဦးတည်

|0 comments
နောက်ဆုံး KIO ဆက်ဆံရေးရုံး ရုပ်သိမ်းပြီး ပြည်တွင်းစစ်သို့ ဦးတည်

Monday, 13 June 2011 13:36 KNG

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ နောက်ဆုံး KIO ဆက်ဆံရေးရုံးချုပ် (သံရုံး )အား တနင်္ဂနွေ နေ့လည်မှ စတင် ရုပ်သိမ်းလိုက်ပြီးနောက် ပြည်တွင်းစစ် သို့ ဦးတည်လာပြီဖြစ်သည်၊၊

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးချုပ်နှင့် KIO ပိုင် ဘူးဂါးကုမ္ပဏီတို့အား တနင်္ဂနွေ နောက်ဆုံးထားကာ ရုပ်သိမ်းပေးရန် ရာဇသံပေးခြင်းကြောင့် ယခုကဲ့သို့ ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်၊၊


kia_soldier_frontline

KIO ဌာနချုပ်လိုင်ဇာမှ လူငယ်များ တိုက်ပွဲအတွက် အသင့်ပြင်ဆင်

|0 comments
KIO ဌာနချုပ်လိုင်ဇာမှ လူငယ်များ တိုက်ပွဲအတွက် အသင့်ပြင်ဆင်

Monday, 13 June 2011 17:28 KNG
E-mail Print PDF
KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ ဒေသခံ လူငယ်များသည် တိုက်ပွဲအတွက်သာမက စစ်မျက်ကွယ်ရာအတွက်ပါ အသင့်ပြင်ဆင် ထားနေပြီ ဖြစ်ကြောင်း သိရသည်။



Friday, April 29, 2011

about recent files

|0 comments

မိမိ ကွန်ပျူတာမှာ Recent Documents တွေကို မိမိက စက်ပိတ်လိုက်တာနဲ့ Auto Clear ဖြစ်သွားအောင် ဘယ်လို လုပ်မလဲလို့ မေးလာတဲ့အတွက် တင်ပြပေးလိုက်တာပါ။ ကျွန်တော်တို့ မေးခွန်တွေကို တက်နိုင်သမျှ အားတာနဲ့ ချက်ချင် ပြန်ဖြေပေးပါတယ်။ ချက်ချင်းမဖြေနိုင်တဲ့ အခါမျိုးမှာ နားလည်းခွင့်လွတ်ပေးပါလို့ တောင်းဆိုအပ်ပါတယ်။ Recent Documents က ဘာလဲဆိုတာ မသိတဲ့ သူငယ်ချင်းတွေ အတွက် နည်းနည်း လေ၇ှည်ပေးမယ်။ ကျွန်တော်တို့ ကွန်ပျူတာကို ဖွင့်တဲ့ အချိန်ကနေ ပိတ်တဲ့ အချိန်ထိ မိမိ ဖွင့်တဲ့ Folder တွေ .....

window XP's secret 40

|0 comments



(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့ Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။) ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။

Monday, January 31, 2011

USB Devices တွေရဲ့ Write Protection ကို ဖြေရှင်းခြင်း

|0 comments
Welcome to Kachinboy blog
 
                                                                  အားလုံးမင်္ဂလာပါခင်ဗျာ။ ကျွန်တော် ဒီပို့စ်လေးကို ရေးဖို့ စဉ်းစားနေတာတော့           ကြာပါပြီ။ အလုပ်တွေနဲ့ မအားလပ်လို့ မရေးဖြစ်ခဲ့တာပါ။ အခုတော့ မိတ်ဆွေ တွေက မကြာခဏ မေးမြန်းလာကြလို့ ရေးလိုက် တာပါ။ USB Devices (USB Pen Drive, Flash Drive, Memory Card . etc) တွေဟာ ကျွန်တော်တို့ အရင်က သုံးခဲ့တဲ့ Floppy Disk တွေလို physically အရ write protection လုပ်လို့မရပါဘူး။ အခု အပေါ်မှာ ပြထားတဲ့ ပုံတွေလို ဖြစ်တာဟာ Virus တစ်မျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အောက်က အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ကြပါ..။