Showing posts with label ပြည်ပသတင်း. Show all posts
Showing posts with label ပြည်ပသတင်း. Show all posts

Thursday, November 10, 2011

အိန္ဒိယ အာဏာရ ကွန်ကရက်စ် ပါတီ၏ ဥက္ကဌ ဖြစ်လာမည့် ရာဟူးဂန်္ဒီ

|0 comments
Thursday, November 10, 2011

             အိန္ဒိယ နိုင်ငံရေး လောကမှာ အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့တဲ့ နေရူး-ဂန်္ဒီမျိုးဆက် ရာဟူး ဂန်္ဒီ ဟာ အာဏာရ ကွန်ဂရက်စ် ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်လာတော့မှာ ဖြစ်ကြောင်း ဒေသခံ မီဒီယာတွေက စနေနေ့မှာ ပြောကြားခဲ့ ပါတယ်။ သူဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း မိခင်ဖြစ်သူ ဆိုနီယာဂန်္ဒီ ရဲ့ နေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

မိခင် ဆိုနီယာဟာ ကွန်ဂရက်စ် ပါတီရဲ့ ဥက္ကဋ္ဌ အဖြစ် (၁၉၉၈) ခုနှစ် ကတည်းက တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ အသက် (၄၁ ) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရာဟူး ကို ပါတီဥက္ကဋ္ဌ အဖြစ် လွှဲပြောင်းပေး ခြင်းဟာ ရက်သတ္တပတ် အားဖြင့် (၄) ပတ်ကနေ (၈) ပတ်ခန့်အထိ အချိန် ကြာမြင့် နိုင်ပါတယ်။

လက်ရှိ ပါတီဥက္ကဋ္ဌ ဆိုနီယာကတော့ ပါတီကို လမ်းညွှန်မှုတွေသာ ပေးသွားတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ရာဟူးလ် ဟာ ကွန်ဂရက်စ် ပါတီရဲ့ လက်ရှိဥက္ကဋ္ဌ ဆိုနီယာဂန်္ဒီနဲ့ (၁၉၈၄) ခုနှစ်မှ (၁၉၈၉) ခုနှစ်အထိ ၀န်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးပြီး (၁၉၉၁) ခုနှစ်မှာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန်္ဒီ တို့ရဲ့ သားပဲ ဖြစ်ပါတယ်။ သူဟာ အင်္ဂလန်နိုင်ငံ ကန်းဘရစ်ခ်ျ တက္ကသိုလ်ကနေ ဒဿနိကဗေဒ ဘာသာရပ် အထူးပြုနဲ့ မဟာဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။

သူဟာ အိန်္ဒိယ နိုင်ငံကို (၂၀၀၂) ခုနှစ်အတွင်းက ပြန်လည်ရောက်ရှိ လာခဲ့ပြီး အဲ့ဒီ မတိုင် ခင်တုန်းက လန်ဒန်ရှိ စီမံခန့်ခွဲ မှုဆိုင်ရာ အကြံေ ပးအဖွဲ့ မော်နီတာ ဂရု(ပ်) မှာ ၀င်ရောက် လုပ်ကိုင်ခဲ့ ဖူးပါတယ်။ ရာဟူးဂန်္ဒီဟာ အိန္ဒိယနိုင်ငံရေး လောကကို (၂၀၀၄) ခုနှစ် အတွင်း မှာ ၀င်ရောက်လာခဲ့ပြီး လက်ရှိ အချိန်မှာတော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ် ပြည်နယ် ကိုယ်စားပြု ပါလီမန် အဖွဲ့ဝင် တစ်ဦး အဖြစ်ရော ၊ ကွန်ဂရက်စ် ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ်ပါ တာဝန်ယူထားသူ ဖြစ်ပါတယ်။

ရာဟူးဂနီ်္ဒ အခုလို ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်လာတော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အိန်္ဒိယ အစိုးရအတွင်း အပြောင်း အလဲတွေ ရှိနိုင်တယ်လို့ ကောလ ဟာလတွေ ထွက်ပေါ်နေ ပေ မယ့်လည်း လွှတ်တော် ခေါင်းဆောင် တွေကတော့ အစိုးရပိုင်းမှာ အပြောင်းအလဲ ရှိမှာ မဟုတ် ဘူးလို့ ပြောကြား ထားကြောင်း သိရပါတယ်။

ဇော်ရှန် (wunpawng)